Coronavirus ကူးစက်နိုင်တာကို အမြဲသတိရှိပါ။ ဒါပေမဲ့ အကြောက်လွန်ခြင်းကပိုပြီးကူးစက်မြန်တယ်ဆိုတာလည်းမမေ့ပါနဲ့ ။

blank

ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ အကြောက်လွန်ခြင်းက အဲ့ဒီပြဿနာကို ပြေလည်အောင် မဖြေရှင်း ပေးနိုင်ပါဘူး။ အကြောက်လွန်ပြီးလုပ်ဆောင်မိတာတွေကြောင့် ပြဿနာတွေတွေက မလိုအပ်ဘဲ ပိုကြီးထွားရ တာတွေသာ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ထိတ်လန့်ကြောက်လန့်ခြင်းဟာ ကူးစက်ပျံ့နှံ့လွယ်ဆုံးအရာတစ်ခု လည်းဖြစ်ပါတယ်။ တစ်ခါတရံမှာ ဆင်ခြင်သုံးသပ်နိုင်စွမ်းကိုတောင် ကျော်လွန်ဖုံးလွှမ်းသွားစေပါတယ်။

ဒါကြောင့် Coronavirus ကြောင့် လူအများစိုးရိမ်ပူပန်မှုတွေဖြစ်နေချိန်မှာ သင်အမှတ်တမဲ့ ပြောလိုက် တဲ့ စကားတစ်ခွန်းက ချင့်ချိန်မှုတွေပါရဲ့လား၊ တည်ငြိမ်မှုကို ဖြစ်ပေါ်စေရဲ့လားဆိုတာ သတိပြုပါ။ မျှော်လင့် ချက်ရှိနေတဲ့ စကားပဲပြောပါ။ မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေလည်း မပြောမိပါစေနဲ့။

အခုအချိန်ဟာ ကြောက်နေရမယ့်အချိန်မဟုတ်ပါဘူး။

အကြောက်တရားတွေကို သတိရှိရှိနဲ့အကောင်းဆုံးကျော်လွှားရမယ့်အချိန်ပါ။

စာစောင်လေးကို တခြားသူတွေအတွက်ပါ SHARE ပေးလိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။