ခေတ်မီနည်းပညာတွေကြောင့် ပျက်သုန်းကျန်ရစ်ခဲ့တဲ့ တစ်ချိန်က လွမ်းစရာလေးတွေ

၁။ ချစ်ခင်သူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး နွေးနွေးထွေးထွေး စကားလက်ဆုံကျတာ။

အခုတော့ တစ်အိမ်တည်းနေတဲ့ မိသားစုချင်းတောင် တစ်ခါတလေမှာ လိုင်းပေါ်ကနေပဲ စကားပြောကြ တော့တယ်။

၂။ ကျေးဇူးတင်တဲ့အကြောင်းကို လက်ရေးကတ်လေးတွေနဲ့ ရေးပို့ကြတာ။

အခုတော့ အီးမေးလ်ကပဲ ပို့ကြတော့တယ်။

၃။ ဖုန်းကြိုဆက်မထားဘဲ သူငယ်ချင်းတွေ ရုတ်တရက်အလည်ရောက်လာတဲ့အခါ ပျော်ရွှင်ရတာ။

အခုတော့ သတိရတယ်ဆိုရင် ဖုန်းပဲဆက်ကြတော့တယ်။

၎။ မှန်ကန်သေချာတဲ့နေ့စဉ်သတင်းတွေကို သတင်းစာမှာ အေးအေးဆေးဆေးဖတ်ရတာ။

အခုတော့ အမှားအမှန်မသေချာတဲ့ အွန်လိုင်းပေါ်က ပေါ်ပင်သတင်းတွေနဲ့ပဲ အချိန်ကုန်နေကြတော့ တယ်။

၅။ ခရီးသွားလာတဲ့အခါ ပုံနှိပ်စက္ကူမြေပုံလေးတွေနဲ့ သွားရတာ။

အခုတော့ google map ကိုပဲ အသုံးပြုကြတော့တယ်။

၆။ ဇာတ်ကားကြည့်ဖို့ လမ်းထိပ်ကခွေငှားဆိုင်မှာပြေးငှားပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူကြည့်ကြတာ။

အခုတော့ အွန်လိုင်းပေါ်က ဇာတ်ကားတွေကိုပဲ download ဆွဲကြည့်ကြတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၇။ ရိုက်ပြီးရင်ပြန်ဖျက်မရတဲ့ ဖလင်ဓာတ်ပုံလေးတွေနဲ့ လှလှမလှလှ တကယ့်အမှတ်တရပုံရိပ်စစ်တွေကို သိမ်းဆည်းခွင့်ရတာ။

အခုတော့ effect တွေ၊ မလှမချင်းပြန်ရိုက်လို့ရတဲ့ ကင်မရာတွေကိုပဲ သုံးကြတော့တယ်။

၈။ လွတ်လွတ်လပ်လပ်ပျော်ရွှင်ခဲ့ရတာ။

အခုတော့ ပျော်စရာမှန်သမျှ Snapchat, Instagram, Facebook တို့ပေါ်တင်ဖို့ အားထုတ်ရင်းပဲ အချိန်တွေကုန်နေကြတော့တယ်။

၉။ ဗိုက်ထဲကကလေးက ယောက်ျားလေးလား၊ မိန်းကလေးဖြစ်မလားဆိုတာ ဖေဖေမေမေတို့ ရင်ခုန်ရတာ။

အခုတော့ အာထရာဆောင်းတွေရှိနေပြီမို့ ဘာလေးမွေးမလဲဆိုတာ ရင်ခုန်စရာမလိုတော့ပါဘူး။

၁ဝ။ ကက်ဆက်ခွေလေးတွေ၊ သီချင်းစီဒီခွေလေးတွေကို အပြန်အလှန်ငှားပြီး နားထောင်ကြတာ။

အခုတော့ နားထောင်ချင်သမျှတွေကို အင်တာနက်ပေါ်မှာပဲ ကိုယ့်ဘာသာရှာဖွေနားထောင်နေကြ ပါပြီ။

၁၁။ ကလေးဘဝအချိန်တွေကို အလွတ်လပ်အပျော်ရွှင်ဆုံးကုန်ဆုံးခဲ့ရတာ။

အခုတော့ ကလေးအများစုကလည်း အပြင်မှာ ထွက်ကစားဖို့ထက် ဂိမ်းဆော့ရင်း၊ ဖုန်းနှိပ်ရင်းနဲ့ပဲ သူတို့အားလပ်ချိန်လေးတွေကို ကုန်ဆုံးစေတော့တယ်။

ဒါလေးဖတ်ပြီးတော့ သင်ကော ငယ်ငယ်တုန်းက ဘယ်အချက်လေးတွေကို ပြန်လွမ်းမိလဲ။