သင့်ရုန်းကန်မှုကို တခြားလူတွေမြင်နေတာ ရှက်စရာမဟုတ်ပါ။ လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေကြတာပါ။

blank

ကိုယ့်ရုန်းကန်မှုကို သူများသိမှာမရှက်ပါနဲ့။ လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေကြတာပါ။

လူ့သဘာဝအရ ကိုယ့်ကိုယ်ကို တခြားသူနဲ့နှိုင်းယှဉ်မိတတ်ကြတာဟာ လူအတော်များများပါပဲ။ တစ်ခါတရံ ကိုယ့်ထက်သာတာတွေ့ရင် အားကျစိတ်တွေ၊ မနာလိုစိတ်တွေလည်း ဖြစ်ပေါ်တတ်ပါသေး တယ်။ တစ်ဆက်တည်းမှာပဲ ကိုယ်ကသူတို့လိုဖြစ်မနေဘူးလို့လည်း အားငယ်စိတ်ဝင်တတ်ကြပါတယ်။

အဲ့ဒီနောက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်လာပါတယ်။

တကယ်တော့ အဲ့ဒီအတွေးဟာ မှားယွင်းနေတဲ့အတွေးဖြစ်ပါတယ်။ လက်တွေ့ဘဝမှာ ကိုယ် ထင်နေသလို လူတိုင်းအဆင်ပြေနေကြတာမဟုတ်ပါဘူး။ ကိုယ်မနာလိုအားကျနေမိသူရဲ့ဘဝမှာလည်း ကိုယ်မသိနိုင်တဲ့ ကိုယ်ပိုင်ဒုက္ခတွေနဲ့ ရုန်းကန်နေတာပါ။ အားလုံးအမြင်မှာ အားကျစရာကောင်းနေတာ ဟာ သူတို့က ဘဝတိုက်ပွဲကို သေချာပြင်ဆင်ပြီး တိုက်နေကြတာမို့ပါ။ ဒုက္ခမရှိလို့မဟုတ်ဘဲ ဒုက္ခတွေ ကို ရင်ဆိုင်တိုက်ခိုက်နေနိုင်ကြသူတွေမို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ခါတလေမှာ သူတို့ဘက်ကကြည့်ရင်လည်း ကိုယ့်ကို တော်တယ်။ အောင်မြင်နေတယ်။ အ စစအရာရာအဆင်ပြေနေတဲ့ အားကျစရာလူအဖြစ် မြင်ကောင်းမြင်နေနိုင်တာပါပဲ။ ဒါဟာ လူ့သဘာဝ ပါပဲ။ တကယ်တမ်းကျတော့ လူတိုင်းမှာ ကိုယ့်ကိစ္စနဲ့ကိုယ် ရုန်းကန်နေကြသူတွေချည်းပါ။ လူသိ အောင် ဖော်ပြတာနဲ့၊ ဖုံးကွယ်ထားတာပဲ ကွာပါတယ်။ ဒါကြောင့် ကိုယ့်ဘဝက ရုန်းကန်နေရတယ်ဆို ရင်လည်း လောကကြီးမှာ ကိုယ်တစ်ယောက်တည်းခက်ခဲနေတာမဟုတ်တဲ့အတွက် ရှက်စရာမလိုပါ ဘူး။ တခြားသူသိမှာစိုးလို့ ဖုံးကွယ်ထားချင်တဲ့ မာနကို ဘဝထဲက ဖယ်ထုတ်လိုက်ခြင်းဟာ ကိုယ့်ကိုယ် ကို လူသားပီသစွာ ခြေချော်ခွင့်၊ နာကျင်ခွင့်နဲ့ ဆက်လက်တိုးတက်ကြီးပွားခွင့်တွေကို ပေးလိုက်တာနဲ့ အတူတူပါပဲ။ အရေးကြီးတာက ဘဝမှာ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်ချင်တယ်ဆိုတာကို ကောင်း ကောင်းသိသင့်ပါတယ်။ ပြီးရင် အဲ့ဒီလိုလူဖြစ်ဖို့ အခက်အခဲတွေကို ဖြတ်ကျော်ရမှာကိုသိပါ။ အဲ့ဒီ အခက်အခဲတွေက ဘဝကိုရပ်တန့်သွားစေဖို့မဟုတ်ဘဲ ရှေ့ဆက်သွားဖို့ဆိုတာကိုလည်းနားလည်ပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ရဲ့မပြည့်စုံမှုတိုင်းကို လက်ခံပြီး ကိုယ့်ကိုယ်ကို ချစ်တတ် တဲ့စိတ်ကို မွေးမြူပါ။ တခြားသူတွေကိုလည်း တတ်နိုင်သလောက်ကူညီပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဘဝတွေမှာလည်း ကိုယ့်လိုပဲ ကိုယ်မသိနိုင်တဲ့အခြေအနေတွေနဲ့ ရုန်းကန်နေကြတာမို့ပါ။ ပြီးပြည့်စုံတဲ့လူဆိုတာမရှိတဲ့အတွက် ကိုယ်လည်းကိုယ့်ဘဝအတွက် လူသားပီသစွာ ရုန်းကန်နေ တာကို လက်ခံပြီး နေပျော်ကျေနပ်လိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။