ပင်လယ်ကမ်းခြေဘက် ဘာကြောင့် ခရီးခဏခဏထွက်သင့်တာလဲ။

blank

ကမ်းခြေဟာ လူတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကို အများကြီးပေးနိုင်ပါ တယ်။ ဒေါသထွက်နေချိန်၊ စိုးရိမ်သောကရောက်နေချိန်နဲ့ စိတ်ဖိစီးမှုတွေဖြစ်နေချိန်တွေအတွက် အကောင်းဆုံး ဆေးဝါးဆိုလည်း မမှားပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ အရေပြားကျန်းမာရေးတွေကို ကောင်းမွန်စေတဲ့ အ ပြင် ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ပင်လယ်မှာရှိနေသမျှ အရာအား လုံးမှာ လူတွေအတွက် အကျိုးကျေးဇူးကောင်းတွေ ပြည့်နေကြလို့ပါ။

၁။ ပင်လယ်ရေ

ပင်လယ်ရေဟာ eczema နဲ့ psoriasis တို့လို အရေပြားရောဂါတွေကို သက်သာစေပါတယ်။ နှာရည် ယိုတာ၊ အဖျားကြီးတာတွေကိုလည်းသက်သာစေပြီး စိတ်ခံစားမှုကောင်းမွန်စေတဲ့ dopamine နဲ့ serotonin ဟော်မုန်းတွေ ထွက်လာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပင်လယ်ထဲရေကူးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်း မာရေးအတွက် အထူးကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

၂။ ပင်လယ်လေ

ပင်လယ်လေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ကမ်းခြေရောက်နေ တဲ့အခါ လူတွေရဲ့အဆုတ်ထဲမှာ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတဲ့ negative ions တွေနဲ့ ပြည့်နေပါတယ်။ အဲ့ဒီ negative ions တွေမှာ စိတ်ဖိစီးမှုတွေကို ဆန့်ကျင်ပေးပြီး ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ ရောဂါ လက္ခဏာရပ်တွေကို သက်သာစေပါတယ်။ ကမ်းခြေမှာနေထိုင်ရတဲ့အခါ ပင်လယ်လေကြောင့် လူသက်တောင့် သက်သာရှိပြီး ပိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ သဲ

သဲဟာ သဘာဝချေးချွတ်ဆေးဖြစ်ပြီး ခြေထောက်အရေပြားပေါ်က ဆဲလ်သေတွေကို အရေခွံလဲပေးပါ တယ်။ ပြီးတော့ ကျန်းမာရေးပိုကောင်းလာစေပြီး သဲပေါ်လမ်းလျှောက်တဲ့အခါ ကမ္ဘာမြေကြီးရဲ့ အီလက်ထရွန် တွေကို စုပ်ယူလိုက်တဲ့အတွက် အိုမင်းမှုကို နှေးကွေးစေပါတယ်။ ပူနွေးနေတဲ့သဲပြင်ပေါ်ခြေဖဝါးတွေ တင်ထား ခြင်းက လူတွေကို သက်တောင့်သက်သာဖြစ်စေသလို မြေပြင်ပေါ်ထက် သဲထဲလမ်းလျှောက်ရတာ ပိုအားထည့် ရတဲ့အတွက်လည်း ကျန်းမာရေးကောင်းစေပါတယ်။ သဲသောင်ပြင်ပေါ်လမ်းလျှောက်တာ၊ ပြေးတာကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

၎။ လှိုင်းပုတ်သံ

လှိုင်းပုတ်သံက ငြိမ်းချမ်းခြင်း၊ ညီမျှခြင်းခံစားမှုတွေကို ယူဆောင်လာပေးပါတယ်။ ဒါ့အပြင် ဦးနှောက် ကိုပိုသန်စွမ်းလာစေသလို နာကျင်မှုတွေမြန်မြန်သက်သာစေပါတယ်။ တရားထိုင်ဖို့အကောင်းဆုံးနေရာဟာ ပင် လယ်ကမ်းခြေပါပဲ။ လူ့ဦးနှောက်ဟာ ရေလှိုင်းပုတ်သံအပါအဝင် ရေနဲ့ပတ်သက်သမျှတွေအပေါ် အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုတွေပြုလုပ်လေ့ရှိပါတယ်။ အသည်းကွဲနေရင် သက်သာစေသလို ကိုယ့်ကိုယ်ကိုယ်သိမြင်နား လည်မှုတွေလည်း တိုးစေပါတယ်။

၅။ အရောင်

လေ့လာတွေ့ရှိမှုအရ ပင်လယ်ကိုမြင်နေရတဲ့နေရာမှာ နေထိုင်ကြသူတွေဟာ စိတ်ဖိစီးမှုတွေ နည်းပါး ကြပါတယ်။ အဲ့ဒီတွေ့ရှိမှုအရ လူ့ကျန်းမာရေးနဲ့ ရေ၊ ကောင်းကင်အရောင်တို့ကြားမှာ ဆက်နွှယ်မှုတစ်ခုရှိနေပါ တယ်။ ယေဘုယျအားဖြင့် အပြာရောင်ဟာ လူတွေကို ပိုတည်ငြိမ်စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

ဒါကြောင့် ကမ်းခြေဆိုတာ တည်ငြိမ်အေးချမ်းမှုကို ရှာဖွေနေသူများအတွက်တော့ တကယ်ကို ပြီးပြည့်စုံ ငြိမ်းချမ်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

သင်ကော ကမ်းခြေသွားရတာကို နှစ်သက်တဲ့သူလား။ သင်သိထားတဲ့ ကမ်းခြေသွားခြင်းရဲ့ အကျိုး ကျေးဇူးကောင်းလေးတွေကိုလည်း ပြန်မျှဝေခဲ့ပါဦးနော်။