မင်္ဂလာပါ စာချစ်သူရေ။ ဒီနေ့ဟာ Friday 13th ဖြစ်ပါတယ်။ သောကြာနေ့နဲ့ (၁၃) ရက်နေ့ တိုက်ဆိုင်တယ်ဆိုတာ အင်မတန်မှ ရှားပါးသလို တိုက်ဆိုင်ခဲ့ရင်လည်း ကံဆိုးခြင်း အဖြစ်အပျက်တွေ ဖြစ်လာတတ်တယ်လို့ လူတွေ အယူစွဲခဲ့ကြပါတယ်။ လူတွေ ဘာကြောင့် ဒီလို အယူစွဲနေရတယ်ဆိုတဲ့ အကြောင်းရင်းကို ဂန္ထဝင်က တင်ဆက်ပေးလိုက်ရပါတယ်။
နံပါတ် (၁၃) က ဘာကြောင့် ကံဆိုးရတာလဲ။
ယေရှုခရစ်တော်ကို သစ္စာဖောက်ခဲ့တဲ့ (ဂျူးဒတ်စ်) Judas ဟာ သူ့ရဲ့နောက်ဆုံး ညစာကို နံပါတ် (၁၃) ထိုင်ခုံမှာထိုင်ပြီး စားသုံးခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာလည်း လူ (၁၃) ယောက် ရှိတဲ့အဖွဲ့ စားသောက်ဆိုင်မှာထွက်စားရင် (၁၄) ယောက်ဖြစ်သွားအောင် ဝက်ဝံရုပ်တစ်ရုပ်ကို အစားထိုးတဲ့အနေနဲ့ ထည့်လေ့ရှိကြပါတယ်။
ဂျာမန်မြောက်ပိုင်း ဒဏ္ဍာရီမှာ လိုကီ(Loki) အမည်ရတဲ့ (၁၃) ယောက်မြောက် ဧည့်သည်ဟာ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်လုပ်ပြီး ကံဆိုးမိုးမှောင် ကျစေခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး နံပါတ် (၁၃) ကို ကံဆိုးခြင်းနံပါတ်အဖြစ် အယူသီးလာကြပါတယ်။အချို့သော ဟိုတယ်တွေမှာဆိုရင် အခန်း နံပါတ် (၁၃) ဆိုတာ မရှိသလို အချို့သော အဆောက်အဦးတွေမှာလည်း (၁၃) ထပ်ဆိုတာ မရှိဘဲ (၁၂) ထပ်ကနေ (၁၄) ထပ်ဆိုပြီး ကျော်တက်သွားတတ်ကြပါတယ်။ အချို့သော လေကြောင်းလိုင်းတွေမှာလည်း သူတို့လေယာဉ်မှာ အတန်းနံပါတ် (၁၃) ကို ထည့်သွင်းဖို့ ငြင်းဆိုတတ်ကြပါတယ်။
သောကြာနေ့ကိုကော ဘာကြောင့်ကံမကောင်းဘူးလို့ သတ်မှတ်ထားတာလဲ။
ရာစုနှစ်ပေါင်းများစွာမှာ သောကြာနေ့ကို ကံမကောင်းခြင်းနေ့ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။ ရှေးခတ် အင်္ဂလန်ပြည်မှာဆိုရင် သောကြာနေ့ကို ရာဇဝတ်သား ကွပ်မျက်တဲ့နေ့အဖြစ် သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ သောကြာနေ့ကို ကောင်းသောနေ့အဖြစ် သတ်မှတ်ထားတာမျိုးလည်း ရှိပါတယ်။ အဲ့ဒါကတော့ ယေရှုခရစ်တော်ကို ကားစင်တင် ကွက်မျက်တဲ့နေ့ပါပဲ။ ကောင်းသော သောကြာနေ့မှာ မွေးဖွားတဲ့သူတွေကို ကံကောင်းသူတွေအဖြစ် သတ်မှတ်ထားကြပြီး ပင်လယ်ပြင်မှာ အလုပ်လုပ်ကြရတဲ့ သင်္ဘောသားတွေဆိုရင် သူတို့ရဲ့ ခရီးလမ်းမှာ ကံကောင်းခြင်းတွေ ဖြစ်ပေါ်အောင် ဒီနေ့ကိုရွေးပြီး ခရီးစတင်ထွက်လေ့ရှိကြပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
Friday 13th ကို လူတွေဘာလို့ ကြောက်ရွံ့နေကြတာလဲ။
Friday 13th ကြောက်ရွံ့ခြင်းကို paraskevidetriaphobia လို့ခေါ်ပါတယ်။ Friday 13th ဟာ ကံဆိုးခြင်းတွေကို ဆောင်ကျဉ်းပေးတဲ့ နံပါတ် (၁၃)နဲ့ သောကြာနေ့ကို ပေါင်းစည်းထားတာဖြစ်ပြီး ဒီနေ့မှာ ဖြစ်ပွားခဲ့တဲ့ ကံဆိုးခြင်းဖြစ်ရပ်တွေကလည်း သက်သေအထောက်အထားနဲ့တကွ အမှန်အကန်တည်ရှိနေတာကြောင့် တော်တော်များများက ဒီနေ့ကို ကံဆိုးခြင်းနေ့ရက်အဖြစ် အယူသီးလာပြီး ကြောက်ရွံ့လာကြတာပဲဖြစ်ပါတယ်။
သင်ကော Friday 13 ကို ကြောက်ရွံ့တတ်သူလား။ Friday 13 မှာ ဘယ်လိုအမှတ်တရတွေ ရှိခဲ့ဖူးသလဲ။ Comment Section မှာ ဝေမျှပေးသွားပါဦး။