အချစ်နဲ့ စွဲလန်းမှု ဘာကွာတာလဲ။

blank

၁။ စွဲလမ်းခြင်းက အချိန်တိုအတွင်းမှာ ဖြစ်ပေါ်နိုင်တယ်။ အချစ်စစ်တစ်ခု ဖြစ်ပေါ်လာစေဖို့တော့ အချိန်အများကြီးယူရတယ်။

၂။ စွဲလမ်းခြင်းက အထိအတွေ့တွေကို လိုလားတောင့်တနေတယ်။ အချစ်ကတော့ နက်ရှိုင်းပြီး လေးနက်တဲ့ ဆက်ဆံရေးကိုသာ အလိုရှိတယ်။

၃။ စွဲလမ်းခြင်းက လူကိုရူးသွပ်စေတယ်။ အချစ်ကတော့ လူရဲ့စိတ်ကို အေးချမ်းစေတယ်။

၎။ စွဲလမ်းခြင်းက ခဏတာတော့ လေးနက်နိုင်ပေမယ့် ရေရှည်မတည်မြဲဘူး။ အချစ်ကလူရဲ့ စိတ်နှလုံးကို အေးချမ်းစေပြီး ရေရှည်တည်မြဲစေတယ်။

၅။ စွဲလမ်းခြင်းက မနာလိုသဝန်တိုတာတွေကို ဆောင်ကျဉ်းပေးတယ်။ အချစ်က နားလည်မှုနဲ့ ယုံကြည်မှုကို ဆောင်ကျဉ်းပေးတယ်။

၆။ စွဲလမ်းခြင်းက အပေါ်ယံဆန်တယ်။ အချစ်က လေးနက်တယ်။

၇။ စွဲလမ်းခြင်းက လူကိုတစ်ကိုယ်ကောင်းဆန်စေပြီး ပင်ပန်းနွမ်းနယ်စေတယ်။ အချစ်က သနားကြင်နာတတ်ပြီး တစ်ယောက်ကိုတစ်ယောက် ခွန်အားတွေပေးတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ စွဲလမ်းတတ်သူတွေဟာ အသေးအမွှားလေးတွေကအစ ပြဿနာရှာတတ်ကြတယ်။ အချစ်စစ်နဲ့ ချစ်တတ်သူတွေကတော့ အပြစ်မမြင်ဘဲ ခွင့်လွှတ်တတ်ကြတယ်။

၉။ စွဲလမ်းတယ်ဆိုတာက အပြင်ပန်းအမူအရာကို နှစ်သက်မိရာကနေ ဖြစ်ပေါ်လာတာပါ။ အချစ်ဆိုတာကတော့ လူတစ်ယောက်ရဲ့ ပုံစံအစစ်အမှန်ကိုပဲ နှစ်သက်မြတ်နိုးပြီး ချစ်မိသွားခြင်းပါ။

၁ဝ။ စွဲလမ်းခြင်းက ပိုင်ဆိုင်ရယူလိုစိတ်ရှိတယ်။ အချစ်ကတော့ ဒီထက်ပိုမြင့်မြတ်ပြီး နူးညံ့တယ်။

၁၁။ စွဲလမ်းတတ်သူတွေက အငြိုးအတေးတွေကို မှတ်တေးထားတတ်တယ်။ တကယ်ချစ်တဲ့သူတွေ ကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြတယ်။

၁၂။ စွဲလမ်းခြင်းက လူကို သံသယပွားစေတယ်။ အချစ်ကတော့ ဒီသံသယမေးခွန်းတွေရဲ့ အဖြေဖြစ်တယ်။

၁၃။ စွဲလမ်းချစ်နဲ့ ချစ်တတ်သူတွေဟာ တစ်ဦးကိုတစ်ဦး ကစားနည်းတွေနဲ့ လှည့်စားဖို့သာအလိုရှိကြတယ်။ အချစ်စစ်နဲ့ချစ်သူတွေကတော့ အဓိပ္ပါယ်ရှိတဲ့ အချစ်ရေးတစ်ခုကိုပဲ ပိုပြီးမက်မောကြတယ်။

၁၄။ စွဲလမ်းခြင်းက လူကိုလှည့်စားတတ်တယ်။ အချစ်ကတော့ အစစ်အမှန်ဖြစ်တယ်။

၁၅။ စွဲလမ်းခြင်းဆိုတာ အချိန်ကောင်းအခါကောင်းတစ်ခုမှာ ဖြစ်ပေါ်တတ်တဲ့အရာဖြစ်တယ်။ အချစ်ဆိုတာကတော့ အချိန်မရွေး ဖြစ်ပေါ်တတ်ပါတယ်။

၁၆။ စွဲလမ်းခြင်းမှာ သဘာဝမကျတဲ့ မျှော်လင့်ချက်တွေပါရှိနေတယ်။ အချစ်မှာတော့ သဘာဝကျတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ပါရှိနေပါတယ်။

၁၇။ စွဲလမ်းခြင်းက ကလေးဆန်တယ်။ အချစ်က ရင့်ကျက်တယ်။

၁၈။ စွဲလမ်းခြင်းက လိုချင်တပ်မက်မှုကနေ စတင်တယ်။ အချစ်ကတော့ ရင်းနှီးနွေးထွေးတဲ့ သူငယ်ချင်း ဆက်ဆံရေးကနေ စတင်တယ်။

၁၉။ စွဲလမ်းခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိရာက စတင်လာတာဖြစ်တယ်။ အချစ်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုကနေ စတင်လာတာဖြစ်တယ်။

၂ဝ။ စွဲလမ်းခြင်းက ဘဝရှိတယ်ဆိုတာကို မေ့သွားအောင်လုပ်တယ်။ အချစ်ကတော့ ပိုင်ဆိုင်ထားတဲ့ လက်ရှိဘဝကို ဒီထက်ပိုကောင်းအောင် လုပ်ပေးတယ်။

၂၁။ စွဲလမ်းချစ်နဲ့ ချစ်တဲ့သူတွေက အကြောင်းပြချက်တွေ မပေးဘဲ ထွက်ခွာသွားနိုင်တယ်။ တကယ်ချစ်တဲ့သူတွေကတော့ အကျိုးအကြောင်းကို သေချာရှင်းပြတယ်။

၂၂။ စွဲလမ်းတတ်သူတွေက တစ်ယောက်တည်းနဲ့ မရောင့်ရဲဘူး။ အချစ်စစ်နဲ့ ချစ်သူတွေကတော့ တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးတယ်။

၂၃။ စွဲလမ်းချစ်နဲ့ ချစ်တဲ့သူတွေဟာ နှလုံးသားကို နယ်နိမိတ် စည်းမျဉ်းတွေနဲ့ ကန့်သတ်မထားဘူး။ အချစ်စစ်နဲ့ ချစ်တတ်သူတွေကတော့ သစ္စာရှိစွာနဲ့ပဲ ချစ်သူကလွဲလို့ တခြားသူတွေအတွက်ဆိုရင် နှလုံးသားတံခါးကို သော့ခတ်ထားလေ့ရှိကြတယ်။

၂၄။ စွဲလမ်းခြင်းက လူကိုလောင်မြိုက်စေတယ်။ အချစ်ကတော့ ဒဏ်ရာတွေကို အနာကျက်စေတယ်။

၂၅။ စွဲလမ်းတတ်သူတွေက အချစ်ဆိုတာ ပြီးပြည့်စုံရမယ်လို့ ယူဆတတ်ကြတယ်။ အချစ်စစ်နဲ့ ချစ်သူတွေက ပြီးပြည့်စုံခြင်းက အရေးကြီးတယ်လို့ မယူဆကြဘူး။

သင်နဲ့ သင့်ချစ်သူရဲ့ အချစ်ရေးကရော စွဲလမ်းမှုကနေစတင်ခဲ့တာလား။ ခိုင်မာတည်မြဲတဲ့ အချစ်ကနေ စတင်ခဲ့တာလား။ Comment Section ထဲမှာ ဝေမျှပေးသွားပါဦး။