လူတွေရဲ့ အပြုအမူကိုသွားပြီး ထိန်းချုပ်လို့မရပေမယ့် ကိုယ်တိုင်ရဲ့အပြုအမူတွေကိုတော့ ထိန်းချုပ်လို့ရပါသေးတယ်။

blank

တစ်ရက်မှာ လူတစ်ယောက်ဟာ လမ်းလျှောက်သွားရင်း တွင်းပေါက်တစ်ခုထဲ ပြုတ်ကျနေတဲ့ ကြောင်တစ်ကောင်ကို တွေ့သတဲ့။ သူဟာ မြင်မြင်ချင်းပဲ ကြောင်ကို ကယ်တင်ဖို့ ကြိုးစားတော့တာပေါ့။ လူဟာ တွင်းထဲက ကြောင်ကို ဆွဲထုတ်ဖို့ သူ့လက်ကို တွင်းထဲ နှိုက်လိုက်သတဲ့။ ကြောင်ကလည်း ကြောက်လန့်တကြားနဲ့ လူရဲ့ လက်ကို ကုတ်လိုက်တော့တာပေါ့။ ကြောင်ကုတ်လိုက်လို့ သူ့လက် နာကျင်သွားပေမယ့် လူဟာ အရှုံးမပေးဘဲ ထပ်ကယ်ဖို့ ကြိုးစားသတဲ့။

ဒီအဖြစ်အပျက်ကို မြင်တဲ့ဘေးလူတစ်ဦးက  “ အချိန်ကုန်ခံပြီး ကယ်မနေပါနဲ့ မိတ်ဆွေ။ ကြောင်ဆိုတာ သူ့ဘာသာသူ ထွက်တတ်တယ်” လို့ အော်ပြောလိုက်သတဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြောင်ကို ကယ်ဖို့ ကြိုးစားနေသူဟာ ဂရုမစိုက်ဘဲ သူလုပ်စရာရှိတာကို ဆက်လုပ်နေသတဲ့။ အားမလျှော့ဘဲ ဆက်ကြိုးစားလိုက်တဲ့ အဆုံးမှာ ကြောင်ကို တွင်းထဲကနေ ထုတ်သွားနိုင်တာပေါ့ကွယ်။ ကြောင်လေး လွှတ်မြောက်သွားတဲ့အဆုံးမှာ သူဟာ ခုနက သူ့ကိုလက်လျှော့ဖို့ ပြောခဲ့တဲ့ လူကို ဒီလိုပြန်ပြောလိုက်သတဲ့။ “ကုတ်တာခြစ်တာ သူများကို နာကျင်အောင် လုပ်တာက ကြောင်ရဲ့ သဘာဝပဲ။ ချစ်ဖို့နဲ့ ဂရုစိုက်ဖို့ကတော့ ကျွန်ုပ်ရဲ့ အလုပ်ပဲ” လို့ ပြန်ပြောလိုက်သတဲ့။

ဒီပုံပြင်လေးထဲကလိုပဲ အမြဲတမ်း လူတိုင်းကို လေးစားကြင်နာသမှုနဲ့ ပြောဆိုဆက်ဆံပါ။ ဒါပေမဲ့ ကိုယ်ကောင်းသလို ကိုယ့်အပေါ်ပြန်ကောင်းပေးဖို့ မမျှော်လင့်ပါနဲ့။ လူတွေရဲ့ အပြုအမူကို ကျွန်မတို့ လိုက်ပြီး ထိန်းချုပ်လို့မရပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဘယ်လိုပြုမူမယ်ဆိုတာကိုတော့ ထိန်းချုပ်ပိုင်ခွင့် ကျွန်မတို့မှာရှိပါတယ်။