လူသားဆန်တဲ့လူသားတစ်ယောက်မှာရှိတဲ့ အမူအကျင့်များ

blank

လူသားဆန်တဲ့လူတစ်ယောက်ဟာ ……

၁။ အခြားလူတွေကို တွန်းချပြီး အမြင့်ရောက်ရမယ်ဆိုရင် အနိမ့်မှာပဲ ပျော်နေလိမ့်မယ်။

၂။ အခြားလူတစ်ယောက်ဆီက လုယူပြီးမှ ပြည့်စုံရမယ်ဆိုရင် ချို့တဲ့ခြင်းကိုပဲ ရွေးချယ်လိမ့်မယ်။

၃။ မြင့်မြတ်တယ်ဆိုတဲ့အဖြစ်ကိုရဖို့ အခြားလူတွေကို ချိုးနှိမ်ရမယ်ဆိုရင် သေးနုပ်တယ်ဆိုတဲ့ အဖြစ်ကို ကျေကျေနပ်နပ်ကြီးခံယူလိမ့်မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လိမ်လည်ပြီးမှ အထင်ကြီးခံရမယ်ဆိုရင် အထင်သေးခံဘဝမှာ နေနေလိမ့်မယ်။

၅။ သူ့နေရာမှာ ငါဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာအတွေးလေးနဲ့ တွေးပေးလိမ့်မယ်။

၆။ ပြောပြီးသားစကား၊ ပေးပြီးသားကတိကို သံမဏိလိုပဲ သဘောထားလိမ့်မယ်။

၇။ အခြားလူတွေကို ကူညီရိုင်းပင်းဖို့ အမြဲအဆင်သင့်ရှိနေလိမ့်မယ်။

၈။ အားလုံးအပေါ် စိတ်ရင်းမှန်မှန်ကန်ကန်ဆက်ဆံလိမ့်မယ်။

သင့်ဆီမှာ ဘယ်လိုအရည်အသွေးတွေ ရှိနေပြီလဲ။