နောက်ကျောကို ဓားနဲ့ထိုးမယ့်သူကို ဘဝမှာနေရာပေးမိတဲ့အခါ….

blank

တစ်ခါက  စပါးအုံးမြွေကြီးတစ်ကောင်ကို အိမ်မှာမွေးထားတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် ရှိသတဲ့။ သူမသိပ်ကို ချစ်ခင်တွယ်တာရတဲ့ မြွေဟာ အရှည်(၄)မီတာရှိပြီး အရောင်လှပတဲ့မြွေလေးပေါ့။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပြီး သူမပိုးမွေးသလို မွေးလာတဲ့ မြွေလေး အစားမစားတော့တာကို သူမသတိထားမိလာတယ်။ သူမဟာ သူမရဲ့မြွေလေးစားချင်မယ်ထင်တဲ့ အရာလေးတွေကို ပြောင်းလဲပြီးကျွေးကြည့်ပေမယ့် နှစ်ပတ်လောက်ကြာတဲ့အထိ ဘာမှထူးခြားမလာခဲ့ပါဘူး။ မြွေကို သိပ်ချစ်တဲ့သူမ စိတ်ပူလာတာကြောင့် တိရိစ္ဆာန်ဆရာဝန်ကို အိမ်ပင့်တော့တာပေါ့။

ဆရာဝန်က မြွေကိုကြည့်ပြီးတဲ့အခါ  “ကလေးမရဲ့ မြွေက တစ်ချိန်လုံး မင်းကိုရစ်ခွေလိုက် မင်းဘေးမှာလဲလိုက် လုပ်တတ်သလား” လို့မေးတယ်။ သူမဟာ ဆရာဝန်ကိုအားကိုးတကြီးနဲ့ ကြည့်ပြီး-

“ဟုတ်ပါတယ် ဆရာ။ သူကဘာမှလည်းမစားဘူး။ ကျွန်မနားမှာပဲတစ်ချိန်လုံးရစ်ပြီး တမှိုင်မှိုင်နဲ့ အိပ်နေတတ်ပါတယ်။ သူ့ကြည့်ရတာ ကျွန်မကိုတစ်ခုခုတောင်းဆိုချင်သလိုပဲ။ ကျွန်မ သူပြောချင်တာတွေကို နားမလည်နိုင်တာ ခက်တာပဲရှင်။” လို့ ဝမ်းနည်းတကြီးနဲ့ ပြောပြပါတယ်။

ဆရာဝန်ကသူမပြောပြတာတွေကို ခေါင်းတညိတ်ညိတ်နဲ့နားထောင်ပြီး-

“ဒီမှာ မိန်းကလေး။ မင်းရဲ့မြွေက နေမကောင်းတာမဟုတ်ဘူး။ ဝမ်းနည်းနေတာလည်းမဟုတ်ဘူး။ သူကမင်းကိုမြိုချဖို့ ကြိုးစားနေတာ” လို့ပြောတယ်တဲ့။ သူမဟာ ဆရာဝန်ပြောတာကို မယုံကြည်နိုင်လောက်အောင် တအံ့တသြဖြစ်နေတော့တာပေါ့။

“တကယ်တော့ သူကမင်းဘေးမှာ တစ်ချိန်လုံး လဲနေတယ်ဆိုတာက မင်းရဲ့ အတိုင်းအထွာပမာဏကို သိချင်လို့။ မင်းကိုရစ်ခွေကြည့်နေတာက မင်းရဲ့အလုံးအရပ်ကို သိချင်လို့။ သူအစာမစားဘဲနေနေတယ်ဆိုတာကလည်း မင်းကိုမြိုချတဲ့အခါ အလွယ်တကူ အစာချေဖျက်နိုင်အောင်လို့ကွ။” လို့ပြောပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျွန်မတို့ အားလုံးအတွက် သင်ခန်းစာယူစရာပါ။ တစ်ခါတလေမှာ ကျွန်မတို့ကို ချောက်ထဲပို့ပေးနိုင်တာက ကျွန်မတို့ကို ထိခိုက်အောင်လုပ်ပေးနိုင်တာကတော့ ကျွန်မတို့ရဲ့ အနီးကပ်မှာနေရှိနေတတ်တဲ့ မိတ်ဆွေဟန်ဆောင်ထားတဲ့ မိတ်ဆွေတုတွေပါ။ သူတို့ဟာ-

ကျွန်မတို့ကိုစကားလုံးလှလှလေးတွေနဲ့ ချည်နှောင်ထားတတ်ကြတယ်။

သူတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို သုံးပြီးကျွန်မတို့ရဲ့ပျော့ကွက်တွေကို တိုင်းထွာနေတတ်ကြတယ်။

ကျွန်မတို့ဟာ သူတို့ဘဝအတွက် အလိုအပ်ဆုံးလူတွေပါဆိုတာကို အယုံသွင်းပြီးချိန်မှာတော့ ကျွန်မတို့ရဲ့အနီးဆုံးမှာနေကြတော့တယ်။

ကျွန်မတို့က သူတို့ကိုယုံကြည်လာတဲ့အခါမှာတော့ ကျွန်မဘဝကို ချောက်တွန်းဖို့ အားယူပါတော့တယ်။

ပရိသတ်ကြီးရေ…

အရှေ့ကတိုက်ခိုက်လာမယ့် လှံပေါင်းတစ်ရာထက် နောက်ကျောကိုထိုးမယ့် ဓားတစ်ချောင်းက ပိုပြီးကြောက်စရာကောင်းတယ်မဟုတ်လား။ ဒါ့ကြောင့် ကျွန်မတို့အတွက်  မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်တွေကို ခွဲခြားနိုင်ဖို့အရေးကြီးလှပါတယ်။ လူအချင်းချင်းချောက်တွန်း ဒုက္ခပေးခြင်း ကင်းရှင်းကြပါစေ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မိတ်ဆွေဟန်ဆောင်ထားတဲ့ မိတ်ဆွေတုတွေပါ။ သူတို့ဟာ-

ကျွန်မတို့ကိုစကားလုံးလှလှလေးတွေနဲ့ ချည်နှောင်ထားတတ်ကြတယ်။

သူတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို သုံးပြီးကျွန်မတို့ရဲ့ပျော့ကွက်တွေကို တိုင်းထွာနေတတ်ကြတယ်။

ကျွန်မတို့ဟာ သူတို့ဘဝအတွက် အလိုအပ်ဆုံးလူတွေပါဆိုတာကို အယုံသွင်းပြီးချိန်မှာတော့ ကျွန်မတို့ရဲ့အနီးဆုံးမှာနေကြတော့တယ်။

ကျွန်မတို့က သူတို့ကိုယုံကြည်လာတဲ့အခါမှာတော့ ကျွန်မဘဝကို ချောက်တွန်းဖို့ အားယူပါတော့တယ်။

rdwfaqGwkawG[m pum;vHk;vSvSav;awGoHk;NyD; csnfaESmifxm;wwfMuw,f/

ÓPfeDÓPfeufawG oHk;NyD; uGsefrwkdY&JU tm;enf;csufawGudk odatmifvkyfw,f/

NyD;&ifawmh uGsefrwdkY&JU aemufausmudk “m;eJYxdk;wwfMuw,fav/