မတ်လဖွားတွေနဲ့ချစ်သူတော်မယ်ဆိုရင် ဒါလေးတွေဖတ်ကြည့်ထားသင့်ပါတယ်။

blank

မတ်လဖွားတွေဟာ…

၁။ စူးစမ်းရတာကြိုက်ကြတယ်။

သူတို့ခေါင်းထဲမှာ သိချင်နေတဲ့မေးခွန်းတွေနဲ့ပြည့်နေတတ်ပြီး အဖြေတွေလည်း လိုချင်ကြပါ တယ်။ ဒါကြောင့် မတ်လဖွားတွေနဲ့ ချစ်သူတော်မယ်ဆိုရင် သူတို့မေးတာလေးတွေကို စိတ်ရှည်လက် ရှည်ဖြေပေးနိုင်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သိချင်တာတွေကို Google မှာ ရှာရ တာထက် သူတို့ချစ်တဲ့သူကို မေးရတာပိုကြိုက်ကြလို့ပါ။

၂။ ကြီးမြတ်တဲ့နှလုံးသားတွေရှိကြတယ်။

ကမ္ဘာကြီးလောက်ကြီးတဲ့နှလုံးသားပိုင်ရှင်တွေဆိုတာ မတ်လဖွားတွေကို ပြောတာပါ။ သူတို့နဲ့ ချစ်သူဖြစ်ခွင့်ရတာဟာ ချစ်ခြင်းမေတ္တာတရားတွေနဲ့ နွေးနွေးထွေးထွေးလွှမ်းခြုံခွင့်ရတာပါပဲ။ သူတို့က ကြင်နာတတ်ကြပြီး ချစ်သူရဲ့ အကောင်းအဆိုးအချိန်တိုင်းမှာ အမြဲအတူရှိနေပေးတတ်ကြတယ်။ ချစ် သူရဲ့လိုအပ်ချက်တွေကို ဖွင့်ပြောစရာမလိုဘဲနဲ့လည်း ဖြည့်ဆည်းပေးဖို့ ကြိုးစားကြသူတွေပါ။

၃။ သစ္စာရှိကြတယ်။

မတ်လဖွားတွေဟာ အချစ်တတ်ဆုံးလက်တွဲဖော်ကောင်းတွေဆိုလည်း မမှားပါဘူး။ လေးလေး နက်နက်တွေးခေါ်စဉ်းစားတတ်ကြပေမဲ့ အချစ်နဲ့ပတ်သက်ရင်တော့ တစ်ခါတစ်ရံ မျက်စိစုံမှိတ်ဆုံးဖြတ် ချက်ချတတ်ကြတယ်။ ဒါကြောင့် “ အချစ်မှာ မျက်စိမရှိဘူး” ဆိုတဲ့ အဆိုအတွက် သူတို့ကို စံနမူနာ အ နေနဲ့ သတ်မှတ်ကြပါတယ်။ သေချာတာကတော့ လက်တွဲဖော်အပေါ် လိမ်ညာတာမရှိသလောက်နည်း သလို ဘယ်အခြေအနေမှာမဆို လက်တွဲဖော်ဘေး အမြဲရှိနေပေးတတ်သူတွေပါ။

၎။ အကောင်းမြင်ဝါဒရှိကြတယ်။

ပျော်ပျော်နေတတ်ပြီး သူတို့ပျော်ရွှင်မှုတွေကို သူတို့ပတ်ဝန်းကျင်ဆီ ကူးစက်စေသူတွေပါ။ သူ တို့ကို စိတ်ညစ်အောင်လုပ်မယ်ဆိုရင်တောင် ခဏပါပဲ။ စိတ်ညစ်နေရင်တောင် အဲ့ဒီအရာကို အ ကောင်းဆုံးကျော်လွှားနိုင်ကြသူတွေပါ။

၅။ လိုက်လျောညီထွေနေတတ်တယ်။

အခြေအနေတွေ၊ အချိန်အခါတွေက အရေးမကြီးပါဘူး။ အရာအားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် သူတို့ဖြေရှင်းနိုင်ပါတယ်။ သူတို့နဲ့အတူရှိနေခြင်းအားဖြင့် လက်တွဲဖော်တွေအနေနဲ့လည်း အခက်အခဲတွေ နည်းပါးမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ မိတ်ဆွေကောင်းတွေဖြစ်တယ်။

အုပ်စုထဲမှာ အကြီးမားဆုံးအစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိတတ်ကြသူတွေပါ။ လူတိုင်းနဲ့ မပေါင်း ဘဲ ယုံကြည်ထိုက်တဲ့သူငယ်ချင်းတွေနဲ့ပဲ ရင်းရင်းနှီးနှီးပေါင်းပါတယ်။ ဒါကြောင့် သူတို့ရဲ့ချစ်သူဖြစ်ခွင့် ရတာဟာ တကယ်ကံကောင်းတာပါပဲ။ ဒါပေမဲ့… သူ့သူငယ်ချင်းတွေနဲ့တော့ အဆင်ပြေအောင် ပေါင်းဖို့ လိုပါတယ်။

၇။ တီထွင်ဖန်တီးမှုစွမ်းရည်ရှိကြတယ်။

သူတို့နဲ့ချစ်သူဖြစ်ရတာ ဘယ်တော့မှ ပျင်းရိချိန်ရမှာမဟုတ်ပါဘူး။ ပုံစံခွက်တွေထဲက ထိုး ဖောက်ထွက်ပြီး တီထွင်ဖန်တီးရတာကြိုက်ကြသူတွေမို့  ချစ်သူဘဝနှစ်ပတ်လည်နေ့တွေ၊ မွေးနေ့တွေ၊ ချစ်သူများနေ့တွေက ရင်ခုန်လှုပ်ရှားစရာတွေနဲ့ အမြဲပြည့်နေမှာ သေချာပါတယ်။

၈။ စမတ်ကျကြတယ်။

စမတ်ကျကျတွေးခေါ်တတ်ပြီး သူတစ်ပါးရဲ့ထောက်ချောက်တွေထဲ အလွယ်တကူ မလဲကျ တတ်သူတွေပါ။ ဒါပေမဲ့ တစ်ခါလဲကျပြီးရင်လည်း နောက်တစ်ခါထပ်မကြုံရအောင် အစွမ်းကုန်ကာ ကွယ်နေထိုင်တတ်ကြတယ်။

၉။ သဘာဝတရားနဲ့ တိရစ္ဆာန်လေးတွေကို ချစ်တတ်ကြတယ်။

သူတို့နေထိုင်မှုက အလွန်ငြိမ်းချမ်းပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေရှိရင်လည်း သူတို့ရဲ့ ရင်နဲ့လွယ်ပြီး မွေးဖွားထားတဲ့ သားသမီးလေးတွေလို ချစ်ခင်ကြင်နာတတ်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ လက်တွဲဖော်တွေဟာ ခွေးလေး၊ ကြောင်လေးတွေကို မချစ်တတ်ရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

၁ဝ။ အဆိုးမြင်စိတ်တွေနည်းတယ်။

သူတို့မှာ အပျက်သဘောဆောင်တဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေ မရှိသလောက်နည်းပါ တယ်။ သူတို့စိတ်မပါရင်လည်း ဘာမှမလုပ်တတ်ဘူး။ သူတို့နဲ့ချစ်သူဖြစ်ခွင့်ရတာဟာ သူတို့ရဲ့ နှလုံး သားကို တကယ်ပိုင်ဆိုင်ခွင့်ရတာမို့ ဂုဏ်ယူစရာပါပဲ။

တိုက်ဆိုင်မှုလေးတွေရှိရင် SHARE လိုက်ပါဦးနော်။