ပျော်ရွှင်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ အရှိအတိုင်း လက်ခံပါ။

blank

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ဥယျာဉ်တော်ထဲကို လှည့်လည်ကြည့်ရှု့တော်မူပါတယ်။ အဲ့ဒီအခါ မှာ ညှိုးနွမ်းခြောက်သွေ့နေတဲ့ သစ်ပင်တွေ၊ ချုံနွှယ်တွေနဲ့ ပန်းတွေကို တွေ့သွားပါတယ်။ ဝက်သစ်ချပင်က သူ သေဆုံးရတဲ့အကြောင်းရင်းဟာ ထင်းရှူးပင်လောက်မမြင့်မားလို့ဆိုပြီး ဘုရင်ကြီးကို လျှောက်တင်တယ်။ ဘုရင် ကြီးက ထင်းရှူးပင်ဆီချဉ်းကပ်သွားတော့ ထင်းရှူးပင်ကလည်း လဲကျသေဆုံးနေပါတယ်။ သူသေဆုံးရတဲ့ အ ကြောင်းရင်းကတော့ စပျစ်ပင်လို စပျစ်သီးတွေ မသီးပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ စပျစ်ပင်ဆီကို ရောက်သွားချိန်မှာ စပျစ်ပင်ကလည်း သေဆုံးနေပါပြီ။ သူသေဆုံးရတဲ့အကြောင်းရင်းကတော့ နှင်းဆီပင်လို နှင်း ဆီပွင့်တွေမပွင့်နိုင်တာကြောင့်လို့ ဆင်ခြေပေးပါတယ်။ နောက်ဆုံးမှာတော့ ဘုရင်ကြီးဟာ လန်းလန်းဆန်းဆန်း နဲ့ ပန်းတွေဝေဝေဆာဆာပွင့်နေတဲ့ စိတ်ချမ်းသာစရာအပင်တစ်ပင်ကို တွေ့သွားပါတယ်။ ဘုရင်ကြီးက အခုလို ရှင်သန်ပွင့်လန်းနေရတဲ့အကြောင်းရင်းကို မေးလိုက်တော့ အဲ့ဒီအပင်က ဖြေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

“ ကျွန်မအတွေးကတော့ ကျွန်မကို သင်စိုက်ပျိုးခဲ့ရတဲ့အကြောင်းရင်းက ကျွန်မကြီးထွားလာတဲ့အခါ ပျော်ရွှင်ရဖို့ပါ။ ဝက်သစ်ချပင်တွေ၊ ထင်းရှူးပင်တွေ၊ စပျစ်ပင်တွေ၊ နှင်းဆီပင်တွေဖြစ်လာဖို့မဟုတ်ပါဘူး။ အဲ့ဒီ အပင်တွေဖြစ်စေချင်ရင် သင်က အဲ့ဒီအပင်တွေကို အားထည့်ပျိုးထောင်မှာပေါ့။ ဒါကြောင့် ကျွန်မက ကျွန်မဖြစ် ဖို့ပဲလိုတယ်။ တခြားဟာဖြစ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ တခြားအရာလည်း ကျွန်မဘယ်တော့မှ ဖြစ်မှာမဟုတ်ပါ ဘူး။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မလက်ခံပြီး ကျွန်မရဲ့အကောင်းဆုံးကွာလတီဖြစ်အောင်ပဲ ကြိုးစားခဲ့တယ်” တဲ့။
စာချစ်သူတို့ရေ…

လူတွေရဲ့ဘဝကလည်း ပန်းလေးတွေလိုပါပဲ။ နှင်းဆီပင်က နှင်းဆီပွင့်ပဲ ပွင့်နိုင်မှာပါ။ စပျစ်သီး မသီး နိုင်ပါဘူး။ ဘယ်လောက်ကြိုးစားကြိုးစား ထင်းရှူးပင်လည်း ဖြစ်မှာမဟုတ်ပါဘူး။ နှင်းဆီက နှင်းဆီတွေပွင့် အောင် အကောင်းဆုံးကြိုးစားမှ ပျော်ရွှင်နိုင်မှာပါ။ ကိုယ့်ဘဝကို အရှိအတိုင်းလက်မခံချင်ရင်၊ တခြားသူဖြစ်ဖို့ ကြိုးစားမယ်ဆိုရင် ညှိုးနွမ်းခြောက်သွေ့တဲ့ပန်းလိုပဲ ဖြစ်သွားမှာပါ။

သင်ကော သင့်ကိုယ်သင်လက်ခံနိုင်ပြီလား။