အမျိုးသမီးအချင်းချင်း ဖေးမကူညီပါ။

blank

အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးတစ်ဦးကို ကူညီလိုက်တာဟာ အနိုင်ရရှိခြင်းပါ။ ပတ်ဝန်းကျင်မှာဒီလို ကူညီတတ်တဲ့ အမျိုးသမီးကို မြင်တွေ့ရရင် သူ့ကိုအားပေးပါ။ သူ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးလိုက်ပါ။ ဒါမှမဟုတ် သူ့လုပ်ငန်းဆောင်တာတွေမှာ ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ပြီး အကျိုးပြုလိုက်ပါ။ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ဆွဲထူပါ။ ကူညီပါ။ ဖေးမပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပေးသောလက်က ပိုရတတ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်ခြင်းတရားကို လက်ကိုင်ကျင့်သုံးတဲ့အမျိုးသမီးတွေကတော့ ဖေးမကူညီတာမျိုးတွေ မလုပ်တတ်ကြပေမယ့် ကိုယ်ကျိုးကို မငဲ့ကွက်တတ်တဲ့ သူတွေကတော့ မိန်းမသားချင်း ကိုယ်ချင်းစာနာပြီး ဒုက္ခရောက်နေသူတွေကို အားကြိုးမာန်တက် ကူညီတတ်ကြပါတယ်။

သင်ကော ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေကို ကူညီလိုက်ဖို့ အဆင်သင့်ပဲလား။