အမျိုးသမီးတွေအလုပ်လုပ်ခြင်းရဲ့အကျိုးကျေးဇူးများ

blank

တိုးတက်လာနေပြီဖြစ်တဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အမျိုးသမီးတွေဟာ ရှေးတုန်းကလို အိမ်မီးဖိုချောင်ထဲ မှာအချိန်ကုန်မနေကြတော့ပါဘူး။ လွတ်လပ်သူကလည်း လွတ်လပ်သူအလျောက် ကမ္ဘာအနှံ့ခြေဆန့်ပြီးအလုပ် လုပ်နေကြပြီဖြစ်သလို အိမ်ထောင်ရှင်အမျိုးသမီးတွေကလည်း ခင်ပွန်းနဲ့တန်းတူ အလုပ်လုပ်ရင်း မိသားစုတာ ဝန်တွေကို ခွဲဝေထမ်းဆောင်နေကြပြီလို့ ဆိုရမှာပါ။ ဒါပေမဲ့ အမျိုးသမီးအားလုံးတော့ မဟုတ်ပါဘူး။ တချို့အမျိုး သမီးတွေအတွက်တော့ အပြင်ထွက်အလုပ်လုပ်ခြင်းဟာ ခွင့်ပြုခြင်းမခံရတဲ့ ကိစ္စတစ်ခု ဖြစ်နေတုန်းပါပဲ။ တကယ်တော့ အမျိုးသမီးတွေ အိမ်ပြင်ထွက်အလုပ်လုပ်ခြင်းဟာ မိသားစုငွေကြေး ပြဿနာတွေကို ကူညီ ဖြေရှင်းပေးနိုင်တာအပြင် တခြားသောအကျိုးကျေးဇူးတွေလည်း အများကြီး ရှိနေပါသေးတယ်။

အဲ့ဒီအကျိုးကျေးဇူးတွေထဲက တချို့ကတော့…

  • အလုပ်လုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ပိုမိုယုံကြည်မှုရှိလာခြင်း
  • ကမ္ဘာကြီးအကြောင်း ခေတ်နဲ့တပြေးညီသိအောင် ဗဟုသုတကြွယ်လာခြင်း
  • မိသားစုဝန်ကို ခွဲဝေတာဝန်ယူနိုင်လာခြင်း
  • သူမရဲ့ သွင်ပြင်၊ ကိုယ်ရည်ကိုယ်သွေးတွေတိုးတက်လာအောင် ပိုဂရုစိုက်တတ်လာခြင်း
  • အိမ်အတွက်ကော၊ အပြင်မှာပါ နေရာတစ်ခုပေးပြီး လေးစားခံရခြင်း

တို့ပဲဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင်သိထားတဲ့ အမျိုးသမီးတွေအလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကိုလည်း ပြန်မျှဝေခဲ့ပါဦး နော်။