ကျား၊မ တန်းတူ အခွင့်အရေးဆိုတာ

blank

ကျား၊မ တန်းတူအခွင့်အရေးဆိုတာ ယောက်ျားလေးတွေက မိန်းကလေးတွေလို အင်္ကျီပန်းရောင်ဝတ်ပြီး မီးဖိုချောင်ဝင် ထမင်း၊ဟင်းချက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲ့ဒီလိုပဲ မိန်းကလေးတွေကလည်း ယောက်ျားလေးတွေလို ညအချိန် လမ်းပေါ်ထွက်ပြီး လည်ပတ်နေလို့ရတယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူးနော်။ ကျား၊မ တန်းတူ အခွင့်အရေး ရရှိလာစေဖို့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားလေးတစ်ယောက်လို ပြုမူနေထိုင်ဖို့မလိုအပ်ပါဘူး။

ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တစ်ယောက်ရဲ့ ဖြစ်တည်မှုကိုတစ်ယောက်က လက်ခံပြီး လေးစားသမှုရှိနေတာရယ်၊ လုပ်ငန်းရွေးချယ်မှုတွေ ဘဝနေထိုင်မှုပုံစံတွေကို မထည့်တွက်ပဲ ကျား၊မ အချင်းချင်း တစ်ဦးကိုတစ်ဦး တန်းတူညီမျှ ဆက်ဆံတာရယ်ကို ကျား၊မ တန်းတူအခွင့်အရေးလို့ ခေါ်ပါပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျား၊မ တန်းတူအခွင့်အရေးဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို ဝေဖန်ပိုင်းခြားတာမျိုးတွေမလုပ်ဘဲ အရှိကိုအရှိအတိုင်းလက်ခံနိုင်တဲ့ ကောင်းမွန်တဲ့ စိတ်သဘောထားကို ဆိုလိုတာပဲဖြစ်ပါတယ်။