အမျိုးသမီးအချင်းချင်း ကူညီခြင်းဖြင့် လောကကြီးကို အလှဆင်လိုက်ပါ။

၁။ သင်ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို တခြားအမျိုးသမီးတွေကို ပြန်လည်ဝေမျှပါ။

၂။ ရိုးသားပွင့်လင်းစွာ ပြောဆိုနေထိုင်ပါ။

၃။ စီးပွားရေး လုပ်ငန်းအသေးစားတွေကို အားပေးပါ။

၎။ အမျိုးသမီးတိုင်းရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးပါ။

၅။ အမျိုးသမီးတွေပြောတဲ့ သူတို့အကြောင်းကို အသေအချာလေး ဂရုတစိုက်နားထောင်ပေးပါ။

၆။ အတူတကွ ပူးပေါင်းဆောင်ရွက်လို့ရမယ့် လှုပ်ရှားမှုတစ်ခု စတင်ပါ။

၇။ အမျိုးသမီး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ခင်မင်ရင်းနှီးအောင် မိတ်ဆက်ပေးပါ။

၈။ အတူတကွ စတင်လို့ရမယ့် လုပ်ငန်းတစ်ခုကို စီစဉ်ပါ။

၉။ အမျိုးသမီးတွေချည်း သီးသန့် ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ် အဆာပြေ စားဖို့ပဲဖြစ်ဖြစ် ချိန်းတွေ့ပါ။

၁ဝ။ သင်ဘယ်လောက် အတိုင်းအတာထိ သူတို့ကို ကူညီနိုင်တယ်ဆိုတာကို ပြောပြပေးပါ။

၁၁။ သင်ကူညီပေးလိုက်တဲ့ အမျိုးသမီးတွေ ဘယ်လောက်ထိ တိုးတက်သွားသလဲဆိုတာကို အမြဲစစ်ဆေးနေပါ။

၁၂။ သင်ကိုယ်တိုင်ပြုလုပ်တဲ့ ပါတီပွဲကို ခင်မင်ရင်းနှီးတဲ့ အမျိုးသမီးတွေကို ဖိတ်ကြားလိုက်ပါ။

အမျိုးသမီးတို့ရေ တစ်ဦးကိုတစ်ဦးကူညီဖေးမရင်း လောကကြီးကို အလှဆင်လိုက်ကြစို့လား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။