မိန်းကလေးအချင်းချင်းသာ စာနာထောက်ထားခဲ့ရင် ဘာတွေဖြစ်လာမလဲ။

blank

မိန်းကလေးတစ်ယောက်ကသာ အခြားမိန်းမတစ်ယောက်ကို စာနာထောက်ထားခဲ့ရင် အသည်းကွဲတဲ့မိန်းကလေးအရေအတွက် နည်းလာခဲ့လိမ့်မယ်။

မိန်းကလေးတစ်ယောက်ကသာ အခြားမိန်းကလေးတစ်ယောက်ကို ကိုယ်ချင်းစာခဲ့ရင် အိမ်ထောင်ရေးမသာယာတဲ့မိန်းကလေးအရေအတွက် နည်းလာခဲ့လိမ့်မယ်။

မိန်းကလေးတစ်ယောက်ကသာ အခြားမိန်းကလေးတစ်ယောက်ကို အားပေးကူညီတတ်ခဲ့ရင် လုပ်ငန်းခွင်မှာ အောင်မြင်တဲ့မိန်းကလေးအရေအတွက် များလာလိမ့်မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မိန်းကလေးတစ်ယောက်ကသာ အခြားမိန်းကလေးတစ်ယောက်ရဲ့ စိတ်ချမ်းသာမှုကို ရှေးရှုခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ မိန်းကလေးအရေအတွက် နည်းလာလိမ့်မယ်။

မိခင်တစ်ယောက်က အခြားမိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်ကျမှုတွေကို စာနာထောက်ထားကူညီခဲ့ရင် ကလေးတွေအတွက် ပျော်ရွှင်တဲ့မိခင်တွေရလာလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ဒုက္ခပေးတဲ့ဖြစ်စဉ်မှာ အခြားမိန်းကလေးတစ်ယောက်ပါဝင်နေလို့ပါပဲ။ တချို့ဖြစ်စဉ်တွေမှာ အမျိုးသမီးအချင်းချင်းသာ ညီညွတ်ကြရင် အမျိုးသမီးတွေရဲ့ဘဝပိုပြီးနေပျော်လာမှာ အသေအချာပါပဲ။

သင်ကော… အမျိုးသမီးအချင်းချင်းအားပေးကူညီမှာလား။ တွန်းချမှာလား။