တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို အရှိကိုအရှိတိုင်း လက်ခံလိုက်ကြစို့လား။

blank

ယောက်ျားနဲ့ မိန်းမဆိုပြီး မတူညီကွဲပြားခြားနားတယ်လို့ မြင်မယ့်အစား အားလုံးကို တစ်သားတည်းမြင်တတ်ဖို့ အချိန်တန်ပြီ။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် သတ်မှတ်ချက်တွေ ပေးနေကြတာကို ရပ်တန်းကရပ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို အရှိကိုအရှိတိုင်း လက်ခံလိုက်ကြစို့လား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလို ကိစ္စရပ်မျိုးတွေမှာ အမျိုးသားတွေဘက်က ဦးဆောင်ပြီး ပါဝင်လာမယ်ဆိုရင် သူတို့ရဲ့ အမေတွေ၊ အစ်မတွေ၊ ညီမတွေနဲ့ သမီးတွေဟာ ကျား၊မ ခွဲခြားဆက်ဆံတာတွေကို ခံရတော့မှာမဟုတ်တော့သလို သူတို့ရဲ့ သားဖြစ်သူတွေဟာလည်း ယောက်ျားဖြစ်လို့ မျက်ရည်မကျရဘူး၊ အားနည်းချက်မရှိရဘူး ဆိုတဲ့ ဆောင်ပုဒ်တွေကနေ ရုန်းထွက်လာနိုင်မှာပဲဖြစ်ပါတယ်။

-အမ်မာ ဝတ်သ်ဆင် (Emma Watson)