လေ့လာတွေ့ရှိမှုအရ ပန်းစည်းလက်ဆောင်ရရှိခြင်းဟာ လူတွေကို ပိုမိုပျော်ရွှင်စေပါတယ်။

blank

ပန်းစည်းဆိုတာ အမျိုးသမီးတွေလက်ခံရရှိလေ့ရှိတဲ့ လက်ဆောင်အများစုထဲက တစ်ခုဖြစ်ပါတယ်။ ဒီ နေ့ခေတ်ကြီးမှာ အဲ့ဒီလက်ဆောင်နဲ့ပတ်သက်ပြီးတော့ နောက်ဆက်တွဲအကျိုးကျေးဇူးတွေကိုလည်း သုတေသီ တွေက လေ့လာတွေ့ရှိထားကြပါပြီ။ လေ့လာတွေ့ရှိမှုတွေအရ ပန်းစည်းလက်ဆောင်လက်ခံရရှိခြင်းဟာ လူ တွေကို ပျော်ရွှင်စေရုံသာမကဘဲ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကိုတောင် လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် ပန်းစည်းလက်ခံရရှိတဲ့သူဟာ ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှုဆိုင်ရာဓာတုပစ္စည်းတွေ၊ ကောင်းမွန် တဲ့စိတ်ခံစားမှုတွေအတွက် တာဝန်ယူထားပေးတဲ့ Dopamine၊ ချစ်ခြင်းနဲ့ သံယောဇဉ်တွေအတွက် တာဝန်ယူ ပေးတဲ့ Oxytocin နဲ့ စိတ်ကျရောဂါကို ဆန့်ကျင်ပေးတဲ့ serotonin တို့ကို တိုးမြှင့်ပေးပြီး ပျော်ရွှင်မှုနဲ့လန်းဆန်းမှု တွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ပြီးတော့ ပန်းစည်းလက်ဆောင်ဟာ လူကို ရက်အများကြီးပျော်နေအောင် ဖန်တီးပေးပါတယ်။ ပန်းလေးတွေက လူတွေကို မျက်လုံးလေးတွေ၊ နှုတ်ခမ်းလေးတွေ၊ ပါးပြင်လေးတွေပါ ပြုံးရယ်စေအောင် စွမ်းဆောင်ပေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။ လက်ဆောင်ရတာချင်းအတူတူ ပန်းစည်းလက်ဆောင်ရတာက လူတွေကို ပိုပျော်ရွှင်စေပါတယ်။ သုတေသီတွေရဲ့အဆိုအရ ပန်းလေးတွေဟာ အပင်ကမ္ဘာရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့အတူ ကစားရင် စိတ်ဖိစီးမှုတွေ လျော့ကျစေသလို ပန်းတွေကလည်း လူတွေအတွက် ပျော်ရွှင်မှုတွေကို ဖိတ်ခေါ်ပေးပါတယ်တဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင်ကော ပန်းစည်းလက်ဆောင်ရရင် ပျော်ရွှင်တတ်သူလား။