လေပေါတဲ့ အမျိုးသမီးတွေက အသက်ပိုရှည်တယ်တဲ့။

blank

သင်ဟာ လူတွေဆီကနေ စကားများလိုက်တာလို့ ပြောခံရပေါင်းများနေတဲ့ လူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်အတွက် ဂုဏ်ယူဝမ်းသာစရာ သတင်းကောင်းတွေရှိနေပါတယ်။

စကားများများ ပိုပြောနိုင်သူတွေဟာ အသက်ပိုရှည်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ လူသားတွေရဲ့ အသက်ရှည်ခြင်းဟာ မျိုးရိုးဗီဇအပေါ်မှာ မူတည်နေတာ မဟုတ်ဘဲ စကားများများပြောနိုင်တဲ့  အပေါ်မှာမူတည်နေတယ်ဆိုတာကို ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

နေ့စဉ်ပြောနေကျ စကားလုံးအရေအတွက်တွေဟာ လူတစ်ယောက်ရဲ့ဘဝနေထိုင်မှုသက်တမ်းကို အများကြီး သက်ရောက်မှုရှိနေတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ပညာရှင်တွေ ပြောကြားချက်အရ အပြင်ထွက်ရတာကြိုက်တဲ့သူတွေ၊ စကားများများပြောတတ်သူတွေ၊ သည်းခံတတ်သူတွေ၊ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ သူတကာထက် အရည်အသွေးကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ သူတို့ဟာ သူများထက်ပိုပြီး အသက်ရှည်ကြာစွာ နေထိုင်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်နေ့ကို စကားလုံးရေ (၁)သောင်းခွဲထက် ပိုပြီးပြောနိုင်သူတွေဟာ စကားနည်းနည်းပဲပြောနိုင်သူတွေထက် ပို အသက်ရှည်ကြတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ စကားကြွယ်တဲ့သူတွေဟာ သူများထက်ပိုပြီးစိတ်ချမ်းသာရတယ်၊ ပိုကျန်းမာတယ်၊ ပိုမိုရှည်ကြာတဲ့ ဘဝသက်တမ်းကိုလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စကားများများပိုပြောနိုင်တာကြောင့် အသက်ပိုရှည်နိုင်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ အမျိုးသမီးတွေမှာ FOXP2 အမည်ရတဲ့ ပရိုတင်းဓာတ် ပါဝင်မှုနှုန်းများပြားတာကြောင့် အမျိုးသားတွေထက် စကားများများ ပိုပြောနိုင်တာပဲဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ ပျမ်းမျှအားဖြင့် စကားလုံးရေ (၂) သောင်း ဝန်းကျင် ပြောဆိုနိုင်ပြီး အမျိုးသားတွေကတော့ စကားလုံးရေ (၇) ထောင်ဝန်းကျင်လောက်ပဲ ပြောနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စကားလုံးရေ (၁) သောင်း (၃) ထောင် ပိုပြောနိုင်တာကြောင့် အသက်ရှည်ဖို့ အခွင့်အလမ်းတွေ ပိုများနေတယ်ဆိုတာ အသိသာကြီးပဲ မဟုတ်ပါလား။

အမျိုးသမီးတို့ရေ အသက်ပိုရှည်တော့မှာဖြစ်လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဒီပို့စ်လေးကို SHARE သွားလိုက်ပါနော်။

သင့်အုပ်စုထဲက သာလိကာမလေးတွေကို mention ခေါ်လိုက်ပါဦး။