အသက် (၂ဝ) ပြည့်တဲ့ ညီမလေး ဖတ်ဖို့

၁။ တစ်စုံတစ်ယောက်က ချစ်တယ်လို့ ပြောတဲ့အခါ ထာဝရတည်မြဲသွားလိမ့်မယ်လို့ မယူဆလိုက်ပါနဲ့။

၂။ ရရှိထားတဲ့ ကိုယ်ခန္ဓာအချိုးအစားကို လက်ခံတတ်အောင် လေ့ကျင့်ထားပါ။

၃။ တရားထိုင်ပါ။

၎။ သင့် အသက် မငယ်တော့ဘူးဆိုတာ သိထားပါ။

၅။ အတင်းအဖျင်းတွေကို ရှောင်ကြဉ်ပါ။

၆။ သင့်ဘေးမှာ လက်ရှိရှိနေတဲ့သူတွေကို တန်ဖိုးထားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ လူတွေအားလုံး မတူညီတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြတယ်ဆိုတာကို နားလည်ပါ။

၈။ သင့် မိဘတွေက သင်ကောင်းစားတာကိုပဲ မြင်ချင်နေတဲ့သူတွေဆိုတာကို သိထားပါ။

၉။ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။

၁ဝ။ လူတိုင်းက သင်မသိသေးတဲ့ တိုက်ပွဲကိုယ်စီကို ရင်ဆိုင်နေရတာပါ။

၁၁။ အခက်အခဲတွေ ရင်ဆိုင်နေရတာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိထားပါ။

၁၂။ ဘဝမှာ တစ်ခါလောက်တော့ မှားခွင့်ရှိပါတယ်။

၁၃။ သင့်ကိုဘာတိုးတက်မှုမှ မပေးနိုင်တဲ့အပြင် သင်လည်းမနှစ်သက်တဲ့ အလုပ်ကိုစွန့်လွှတ်ပစ်ပါ။

၁၄။ တတ်သင့်တတ်ထိုက်တဲ့ အလုပ်တွေအားလုံးကို လုပ်တတ်အောင် သင်ယူထားပါ။

၁၅။ တစ်နှစ်တစ်ခေါက်လောက် မရောက်ဖူးသေးတဲ့နေရာတွေဆီကို ရောက်အောင် သွားပါ။

၁၆။ အသည်းကွဲခြင်းဆိုတာ လူတိုင်း တစ်ကြိမ်တစ်ခါတော့ ကြုံတွေ့ရမယ့်အရာပါ။

၁၇။ အတွင်းစိတ်က ပြောတဲ့စကားကိုယုံပါ။

၁၈။ ဘယ်အရာမှ သင့်ဆီ အလိုလို ရောက်မလာနိုင်ပါဘူး။ လိုချင်တာကို ရအောင်ကြိုးစားပါ။

၁၉။ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတဲ့ သူတွေနဲ့ အနီးဆုံးမှာနေထိုင်ပါ။

၂ဝ။ တစ်ခါတလေမှာ လမ်းပျောက်သွားတတ်တာ သဘာဝပါ။ လမ်းကိုတွေ့အောင် ရှာတတ်ဖို့သာ အရေးကြီးတာပါ။

၂၁။ စိတ်ပူတတ်တဲ့အကျင့်ကို လျှော့ပါ။

၂၂။ အမှား လုပ်ထားတာရှိရင် ဝန်ခံပါ။ ပြဿနာကို မဖုံးကွယ်ဘဲ ဖြေရှင်းပါ။

၂၃။ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေကို ဘဝထဲက ဖယ်ရှားထားပါ။

၂၄။ ဘဝ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ကြုံတွေ့ရတဲ့အခါ သတ္တိရှိရှိ ရင်ဆိုင်လိုက်ပါ။

၂၅။ ကြင်နာတတ်တဲ့ နှလုံးသားကိုမွေးမြူပါ။

၂၆။ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင်တည်ဆောက်ပါ။

၂ဝ၂ဝ မှာ အသက် (၂ဝ)  ပြည့်မယ့် မောင်လေး၊ ညီမလေးတို့ရေ ဒီအချက်တွေကို လိုက်နာပြီး ဘဝ ရည်မှန်းချက်တွေ ပြည့်ဝအောင် ကြိုးစားလိုက်ကြစို့လား………….။