၁။ ကိုယ့်အိမ်အတွက် ကိုယ်ပိုင်စည်းကမ်းတွေ ချမှတ်နိုင်ခြင်း။
၂။ ကိုယ့်အကြောင်းကိုယ် ပိုသိခွင့်ရခြင်း။
၃။ ကိုယ့်အကြောက်တရားတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း။
၎။ ကိုယ့်ထိုးထွင်းဉာဏ်ကို ကိုယ်ပြန်သိခွင့်ရခြင်း။
၅။ ကိုယ့်ကိုယ်ကိုယ်နဲ့ ပိုသက်တောင့်သက်သာရှိလာခြင်း။
၆။ ကိုယ့်အိမ်ကို ကိုယ့်စိတ်တိုင်းကျ အလှဆင်နိုင်ခြင်း။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
၇။ တခြားလူတွေနဲ့လိုက်လျောညီထွေဖြစ်အောင် နေစရာမလိုခြင်း။
၈။ ကိုယ့်အခန်းဖော်က အမှိုက်ဖွတာ၊ ကိုယ့်ပစ္စည်းတွေခွင့်မတောင်းဘဲ ယူသုံးတာတွေကြောင့် စိတ်ကသိက အောက် ဖြစ်စရာမလိုခြင်း။
၉။ တစ်ယောက်တည်းမို့ ပိုအလုပ်တွင်ခြင်း။
၁ဝ။ သီချင်းဆိုချင်ဆို၊ ကချင်က စိတ်ကြိုက်သောင်းကျန်းနိုင်ခြင်း။
၁၁။ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပိုအားထုတ်မိခြင်း။
၁၂။ ဘာဖြစ်ဖြစ်ကိုယ်တိုင်ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရရှိခြင်း။
သင်သိထားတဲ့ တစ်ယောက်တည်းနေခြင်းရဲ့အားသာချက်လေးတွေကိုလည်း မျှဝေခဲ့ပါဦး။