ဘဝတက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ အကောင်းဆုံးသင်ခန်းစာများ

blank

၁။ တစ်ယောက်ယောက်ချစ်လာအောင် သင်မဖန်တီးနိုင်ပါဘူး။ သင့်ဘက်က အချစ်တွေပေးဖို့ပဲ သင်လုပ်နိုင် တာပါ။ ကျန်တာက သူတို့ကိစ္စပါ။

၂။ သင့်ဘက်က ဂရုစိုက်မှုတွေဘယ်လောက်ပေးပေး တချို့လူတွေက ပြန်ဂရုစိုက်တာမဟုတ်ပါဘူး။

၃။ ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ နှစ်နဲ့ချီအောင် အချိန်ယူရပါတယ်။ ဒါပေမဲ့ အဲ့ဒီယုံကြည်မှုပြိုကွဲသွားဖို့က တော့ စက္ကန့်ပိုင်းလေးပဲ လိုပါတယ်။

၎။ သင့်အပေါ်တစ်ခါလောက်ကောင်းခဲ့ဖူးရုံနဲ့ သူဆိုးသမျှ တစ်သက်လုံးသည်းခံနေရတော့တဲ့ သူငယ်ချင်းမျိုး လည်း ဘဝမှာ ရှိတတ်တယ်။

၅။ သင်ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေပြောခဲ့တယ်ဆိုတာကို လူတွေ မေ့ချင်မေ့သွားလိမ့်မယ်။ ဒါပေမဲ့ သူတို့ကို သင်ဘယ်လိုခံစားရအောင်လုပ်ခဲ့တယ်ဆိုတာကိုတော့ သူတို့ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။

၆။ သင်ယုံကြည်တဲ့အရာအတွက် ရပ်တည်ဖို့၊ တခြားလူတွေရဲ့ခံစားချက်တွေကို မထိခိုက်ဖို့၊ အားလုံးအကောင်း ဆုံးဖြစ်ဖို့ကြားမှာ ဆုံးဖြတ်ချက်တစ်ခုချရတာ တကယ်ခက်ခဲပါတယ်။

၇။ တခြားသူတွေပြုလုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေနဲ့ သင့်ကိုယ်သင် မနှိုင်းယှဉ်သင့်ပါဘူး။

၈။ သင်ဖြစ်ချင်တဲ့လူဖြစ်ဖို့ဆိုရင် အချိန်တွေအများကြီးယူရပါလိမ့်မယ်။

၉။ သင်ချစ်တဲ့သူတွေကို ချစ်ခြင်းပါတဲ့စကားနဲ့ပဲ အမြဲနှုတ်ဆက်လမ်းခွဲပါ။ အဲ့ဒါဟာ သူတို့ကို သင်နောက်ဆုံးမြင်တွေ့ခွင့်ရလိုက်တဲ့အချိန်လည်း ဖြစ်သွားနိုင်လို့ပါ။

၁ဝ။ လောကကြီးမှာ လူတိုင်းဟာ ကိုယ်လုပ်သမျှ ကိုယ့်ဘာသာ ပြန်တာဝန်ယူနေကြရတာပါ။

၁၁။ သူရဲကောင်းတွေဆိုတာ ပြီးဆုံးအောင်လုပ်သင့်တဲ့အရာတိုင်းကို ဘာကိစ္စပဲရှိရှိ နောက်မဆုတ်ဘဲပြီး မြောက်တဲ့အထိ ပြုလုပ်ကြသူတွေပါ။

၁၂။ တစ်ခါတစ်ရံမှာ သင်လဲကျရင် သင့်ကို ကန်ထုတ်ပစ်လိမ့်မယ်လို့ထင်ထားမိသူတွေကပဲ သင့်ကို ပြန်ကူညီ သူတွေ ဖြစ်နေတတ်တယ်။

၁၃။ စစ်မှန်တဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုဆိုတာ ဘယ်လောက်ဝေးဝေးဆက်လက်ကြီးထွားနေပါတယ်။ အချစ်စစ်လည်း အတူတူပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၁၄။ တစ်ယောက်ယောက်က သင်ချစ်စေချင်တဲ့ပုံစံအတိုင်းသင့်အပေါ် ပြန်မချစ်ပြတာနဲ့ သင့်ကို မချစ်ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။

၁၅။ ရင့်ကျက်မှုဆိုတာ မွေးနေ့ပေါင်းဘယ်လောက်ကျော်ဖြတ်ခဲ့တာနဲ့ မဆိုင်ပါဘူး။ တစ်နှစ်ချင်းစီကနေ သင်ယူ လာခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေနဲ့ပဲ ပိုသက်ဆိုင်ပါတယ်။

၁၆။ ဘဝမှာ တခြားသူတွေကို အမြဲခွင့်လွှတ်ပေးနေရုံနဲ့ မလုံလောက်ပါဘူး။ တစ်ခါတစ်ရံ သင့်ကိုယ်သင် ခွင့် လွှတ်တတ်ဖို့လည်း သင်ယူသင့်ပါတယ်။

၁၇။ သင့်အသည်းကွဲဒဏ်ရာဘယ်လောက်ဆိုးဆိုး ကမ္ဘာကြီးကတော့ သင့်ပူဆွေးဝမ်းနည်းမှုတွေအတွက် သူ့ လည်ပတ်မှုကို ခဏလေးတောင် ရပ်တန့်ပေးမှာမဟုတ်ပါဘူး။

၁၈။ သင့်နောက်ခံအဝန်းအဝိုင်းနဲ့ အခြေအနေတွေက သင့်ကို တစ်ယောက်ယောက်ဖြစ်လာအောင် တွန်းပို့ပေး နိုင်ပေမဲ့ အဲ့ဒီတစ်ယောက်ယောက်တကယ်ဖြစ်လာ၊ မလာဆိုတာတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။

၁၉။ အချမ်းသာဆုံးလူဆိုတာ ပိုင်ဆိုင်မှုအများဆုံးလူကို ခေါ်တာမဟုတ်ပါဘူး။ အလိုဆန္ဒအနည်းဆုံးသူကို ခေါ်တာပါ။

၂ဝ။ အငြင်းပွားနေကြတဲ့သူတိုင်း တစ်ယောက်နဲ့တစ်ယောက်မချစ်ကြလို့ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အငြင်း မပွားဘဲနေကြသူတိုင်းလည်း တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။

၂၁။ တစ်ခါတစ်ရံမှာ တစ်နေရာတည်းကို အတူတူကြည့်နေကြတိုင်းလည်း လူတိုင်းက အမြင်တူကြတာ မဟုတ်ပါဘူး။

၂၂။ တစ်ယောက်ယောက်လိုအပ်လာတဲ့အခါ သင့်ဘက်က နောက်ထပ်ပေးစရာဘာမှမရှိတော့ဘူးဆိုရင် တောင်မှ ခွန်အားတွေပေးလိုက်ပါ။

၂၃။ သင့်ဘဝမှာ အချစ်ရဆုံးဆိုတဲ့သူတွေဆိုရင် ကံတရားက သင့်ဆီက မြန်မြန်ခေါ်ဆောင်သွားတတ်တယ်။

ဒဿနလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။