ချစ်ဇနီးကို အံ့အားသင့်အောင်လုပ်ချင်သော်လည်း အီးမေးလ်လိပ်စာ မှားပို့မိတဲ့အခါ

blank

အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဟာ အလုပ်ကိစ္စနဲ့ ခရီးသွားတော့မယ့် ဇနီးသည်ကို အံ့အားသင့်အောင်လုပ်ဖို့အတွက် ဇနီးသည်သွားမယ့် မြို့နဲ့ တည်းမယ့်နေရာကို သူကအရင်ဦးအောင် သွားလိုက်သတဲ့။

ဟိုတယ်ရောက်ရောက်ချင်း ဇနီးသည်ကို အားသင့်သွားအောင် အီးမေးလ်ပို့ ပြီး လှမ်းစလိုက်တယ်တဲ့။ ဇနီးသည်ကို စချင်ဇောကြီးပြီး အမှုမဲ့အမှတ်မဲ့နဲ့  အီးမေးလ်လိပ်စာကို တစ်လုံးမှားပြီး ရိုက်လိုက်မိသတဲ့။ သူကမှားနှိပ်မိပေမယ့် အီးမေးကတော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။

ရောက်သွားတဲ့ အီးမေးလ်လိပ်စာ ပိုင်ရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ရက်ကမှ အမျိုးသားသေဆုံးထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အမျိုးသမီးဟာ မှားပို့လိုက်တဲ့ အီးမေးလ်ကို ဖတ်ပြီး သူဟာ ချက်ချင်း မေ့လဲသွားတော့တာပေါ့။ အမျိုးသမီးရဲ့ မိသားစုဟာ သူ့ကိုမေ့လဲသွားစေတဲ့ အီးမေးလ်ကို ဝင်ရောက်ဖတ်ရှုလိုက်သတဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အီးမေးလ်မှာ ရေးထားကတော့-

“ချစ်ဇနီးလေးရေ

မကြာခင် ချစ်လာမယ့်နေရာကို ကိုယ်အခုပဲ ရောက်နှင့်နေပြီကွာ။ မနက်ဖြန် ချစ်ရောက်တာနဲ့ အေးဆေးအနားယူနိုင်ဖို့ ကိုယ်စီစဉ် ထားပြီးပြီ။ ဒါနဲ့ စကားမစပ် ဒီမှာအရမ်းပူတာပဲ” တဲ့။

ရယ်မောခြင်းဖြင့် ဘဝအမောများပြေနိုင်ကြပါစေ။