အကြီးတွေ ဘယ်တော့မှ နားလည်မှာ မဟုတ်တဲ့ အငယ်တွေ ကြုံရတတ်တဲ့ ဒုက္ခလေးတွေ

blank

၁။ ကိုယ်တစ်ယောက်တည်းရိုက်ထားတဲ့ ငယ်ဘဝက ပုံဆိုတာ ရွှေလိုရှားတတ်တယ်။ ကိုယ့်ပုံတိုင်းမှာ အစ်ကိုကြီး၊ အစ်မကြီးတွေက ကန့်လန့်ကန့်လန့်နဲ့ပါနေတတ်ပြီလေ။

၂။ ဂိမ်းကစားတိုင်း ကိုယ်က ဘိတ်ဆုံးမှာပဲ ဆော့ရတတ်တယ်။ ဒီကြားထဲမှာ ကိုယ်က “အရေးမပါတဲ့ အာလူးလေး” ပဲ ဖြစ်ခဲ့ရတယ်။

၃။ အမျိုးတွေအားလုံးက အကြီးကို သည်းသည်းလှုပ်ချစ်ခဲ့ကြတယ်။ ကိုယ့်ကိုယ် “အကြီးကဘယ်လို” ဆိုတဲ့ စကားနဲ့ အမြဲနှိုင်းယှဉ်ခံခဲ့ရတယ်။

၎။ ကိုယ်မွေးလာတဲ့အချိန်၊ ကိုယ်လမ်းလျှောက်တတ်တဲ့အချိန်တွေဟာ မိဘတွေအတွက် အတွေ့အကြုံဟောင်းတွေဖြစ်နေပြီ။ ကိုယ်လုပ်တဲ့အသစ်တွေတိုင်းကတော့ သူတို့အတွက် အဟောင်းတွေပါပဲ။

၅။ ကိုယ်ကဘယ်လောက်ပဲ အသက်ကြီးလာလာ အိမ်မှာတော့ ကလေးလေးပါပဲ။ စကားကြီး၊ စကားကျယ်ပြောမိလို့ကတော့ “ကလေးကများ” ဆိုပြီး ခေါင်းခေါက်ခံရပြီပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၆။ “နင့်ကို အမှိုက်တောင်းက ကောက်လာတာ” ဆိုတဲ့စကားဟာ အကြီးတွေရဲ့ လက်စွဲစကားပါပဲ။ တစ်ခါတလေဆိုရင် ကိုယ်ကတကယ်ပဲ မွေးစားသားသမီးလားလို့ ထင်မိတဲ့အထိကို အဲ့ဒီစကားက လွှမ်းမိုးနိုင်ခဲ့တယ်။

၇။ ကိုယ့်ကို အဝတ်အစားအသစ်ဝယ်ပေးတယ်ဆိုတာ သိပ်ကိုရှားပါးတဲ့အချိန်ပါ။ တစ်ခုခုဆို “အကြီးတုန်းက ဝယ်ထားတဲ့ ဟာလေးရှိတယ်” ဆိုတဲ့ စကားနဲ့ ကျေနပ်လိုက်ရတာပါပဲ။

၈။ ကိုယ့်နာမည်အရင်းထက် နာမည်ပြောင်တွေက ပိုများတတ်ပါတယ်။ မိဘတွေကလည်း ကိုယ့်အတွက်နာမည်ကို ခေါင်းစားခံပြီး မစဉ်းစားတတ်ကြဘူး။ အကြီးရဲ့ နာမည်နဲ့ ဆင်တဲ့ဟာ တစ်ခုခုကို ပေးလိုက်ကြတာက များပါတယ်။ ကိုယ့်နာမည်ထက် “ဘယ်သူ့ ညီမ” ဆိုတဲ့ နာမည်လေးကို အဆစ်ရတတ်တယ်လေ။

၉။ ကျောင်းမတက်ခင်ကတည်းက ဆရာမတွေက ကိုယ့်ကိုသိနေတတ်တယ်။ အရာရာဟာ ကိုယ်ကအနောက်က လိုက်လုပ်ရတဲ့သူဖြစ်တတ်တယ်။

၁ဝ။ ကိုယ့်ရဲ့ ငယ်ဘဝမှာ ဘာမှတ်မိလဲဆိုရင် “ခေါင်းခေါက်ခံရတယ်” လို့ဖြေမိတဲ့အထိ ခေါင်းခေါက်ခံရတတ်သူတွေပါ။ ဒီကြားထဲမှာ အကြီးတွေကျွေးတဲ့ ဂျင်းပေါင်းတစ်သောင်းနဲ့ အသက်ကြီးလာတဲ့ သူတွေပေါ့။

အငယ်တစ်ယောက်အနေနဲ့ ကြုံခဲ့ရတဲ့ ဂွတီးဂွတအခြေအနေလေးတွေကို comment box မှာ မျှဝေပေးခဲ့ပါဦးနော်။