အီးအီးများများပါရင် ဝိတ်မြန်မြန်ကျမှာလား။

blank

ဝမ်းများများသွားလိုက်ရင် ဝိတ်များများကျလိမ့်မယ်လို့ကော ပေါက်ပေါက်ရှာရှာတွေးဖူးလား။

ပညာရှင်တွေရဲ့ လေ့လာမှုအရ ဝိတ်ကျချင်ရင် ဝမ်းများများသွားရမယ်ဆိုတဲ့ ယူဆချက်ဟာ မှားတယ်လို့ သိရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားတာက ဝိတ်ကျစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါဟာဝမ်းသွားခြင်းကြောင့် ဝိတ်ကျစေမယ်လို့တော့ မဆိုလိုပါဘူး။  အမျှင်ဓာတ်ပါတဲ့အစားအစာတွေ စားခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဝမ်းမှန်စေပါတယ်။ ဝမ်းမှန်တဲ့အခါမှာ ဝမ်းထဲကအညစ်အကြေးတွေ ကင်းစင်နေတဲ့အခါ နေထိုင်ရတာ သွက်လက်ပေါ့ပါးတာပဲဖြစ်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဝမ်းဆိုတာ ရေတွေ၊ အစာဟောင်းတွေ၊ ဘတ်တီးရီးယားတွေနဲ့ ဆဲလ်သေတွေသာ ပါဝင်တဲ့အတွက်  ဝမ်းသွားလို့ ဝိတ်ကျတယ်ဆိုရင်တောင် အညစ်အကြေးတွေရဲ့ အလေးချိန်လျော့သွားတာပဲဖြစ်ပါတယ်။ အဆီကျသွားတာ မဟုတ်ပါဘူးနော်။ ဝမ်းခဏခဏသွားလို့ ဝိတ်ကျသွားတယ်ဆိုတာ စားတဲ့ အစားအစာတွေရဲ့ သဘောသဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ အသီးအရွက်တွေ၊ သစ်သီးဖျော်ရည်တွေက အစာချေစနစ်ကောင်းမွန်စေတယ် မဟုတ်လား။

ဒါ့ကြောင့် ဝိတ်လျှော့ချင်တယ်ဆိုရင် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ မှန်မှန်ကန်ကန်စားပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ ပုံမှန်အိပ်ပါ။