ဘဝမုန်တိုင်းတွေကြားက ဖြစ်တည်လာခဲ့တဲ့ စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမ

blank

မွေးကတည်းက စိတ်ဓာတ်ခိုင်မာလာတဲ့သူဆိုတာမရှိပါဘူး။ ဘဝတစ်လျှောက်မှာ ကြုံတွေ့လာရတဲ့ မုန်တိုင်းတွေကြောင့်သာ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ ဖြစ်လာကြတာပါ။

နာကျင်မှုတွေ၊ အမှားတွေ၊ ရင်နာစရာတွေကနေ ခွန်အားနဲ့ မာန်မာနတွေကို သူတို့ ရရှိခဲ့ကြတယ်။

စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမတွေဆိုတာ အလွယ်တကူ ဖြစ်တည်လာခဲ့ကြတာမဟုတ်ပါဘူး။ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းလာရင်းကနေ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ ဖြစ်လာကြတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီစိန်ခေါ်မှုတွေကြောင့်ပဲ သူတို့ ရုပ်ပိုင်းဆိုင်ရာမှာကော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သန်မာလာခဲ့ကြတယ်။ ခေါင်းမော့ရင်ကော့ပြီး ရှေ့ဆက်တိုးရင်းနဲ့ပဲ စိတ်ဓာတ်ခွန်အားတွေကို အလိုလိုရရှိခဲ့ပါတော့တယ်။

တကယ်တော့ ဘဝမုန်တိုင်းတွေအကြား ဖြတ်ကျော်လာပြီး ရှင်သန်ကျန်ရစ်တဲ့မိန်းမတွေဟာ နှယ်နှယ်ရရမိန်းမ မဟုတ်ပါဘူး။ မိန်းမစစ်သည်တော်တွေပါ။

သင်ကော စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်နေပြီလား။