သင်ဘယ်သူဆိုတာ ဒီအချက်လေးတွေနဲ့ မဆုံးဖြတ်နိုင်ပါဘူး။

blank

စာချစ်သူတို့ရေ…

လောကကြီးမှာ မပျော်ရွှင်နေတဲ့လူအများစုကိုကြည့်လိုက်ရင် သူတို့ဘဝကို မှားယွင်းတဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေနဲ့ တည်ဆောက်ထားတာကို တွေ့ရလေ့ရှိပါတယ်။ ကိုယ့်ဘဝက ကိုယ့်လက်ရှိအခြေအနေ၊ ကိုယ့် ဖြစ်တည်မှုနဲ့ ကိုယ်ကိုယ်တိုင်တည်ဆောက်နေမှုအပေါ်မှာ မူတည်နေတာကို သတိမပြုမိဘဲ တခြားအချက်တွေ အပေါ် အာရုံစိုက်ထားတတ်ကြပါတယ်။

တကယ်တော့ သင်ဘယ်လိုလူတစ်ယောက်ဖြစ်တယ်ဆိုတာ…

  • သင့်မိဘတွေက ဘယ်သူလဲဆိုတဲ့အပေါ်မှာ မမူတည်ပါဘူး။
  • အတိတ်တုန်းက သင်မသိလို့ ပြုလုပ်မိခဲ့တဲ့ အမှားတွေအပေါ်လည်း မမူတည်ပါဘူး။
  • လူတွေသင့်အပေါ် ဘာထင်နေကြလဲဆိုတဲ့အပေါ်မှာလည်း မမူတည်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

  • ကလေးဘဝတုန်းက သင်ကြုံတွေ့ဖူးခဲ့တဲ့အရာတွေအပေါ်လည်း မမူတည်ပါဘူး။
  • သင်ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေပေါ်မှာလည်း မမူတည်ပါဘူး။
  • အဆင်မပြေခဲ့တဲ့ သင့်အချစ်ရေးအပေါ်မှာလည်း မမူတည်ပါဘူး။
  • သင့်ရဲ့ အဆိုးဆုံးအခိုက်အတန့်တွေပေါ်မှာလည်း မမူတည်ပါဘူး။
  • တခြားလူတွေအပေါ်မှာလည်း မမူတည်ပါဘူး။

သင်ဘယ်လိုလူဆိုတာ သင့်ဘဝကို သင်တည်ဆောက်နေတဲ့ပုံစံအပေါ် မူတည်ပြီးတော့ပဲ အဓိပ္ပာယ် ဖွင့်ဆိုလို့ ရတာပါ။ ဒါကြောင့် ဘဝမှာ ကိုယ်လိုချင်တာတွေချည်း ပိုင်ဆိုင်ခွင့်ရမထားခဲ့ရင်တောင် စိတ်ဓာတ်မ ကျပါနဲ့။ ရှိတဲ့အခြေအနေကနေ ကိုယ်ဖြစ်ချင်တဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်လိုက်ပါ။ ပြီးရင် ရွေးချယ်လိုက် တဲ့ ဘဝလမ်းကြောင်းပေါ်မှာ ဘယ်တော့မှ အရှုံးမပေးဘဲ ကြိုးစားလျှောက်လှမ်းလိုက်ပါနော်။

ဒီစာစောင်လေးကို သဘောကျရင် SHARE လိုက်ပါဦးနော်။