အွန်လိုင်းကြောင့် ဘဝထဲက တန်ဖိုးထားအပ်တဲ့အရာတွေကို ဆုံးရှုံးမခံလိုက်ပါနဲ့။

blank

စာချစ်သူတို့ရေ…

ဆိုရှယ်မီဒီယာဆိုတာ ကောင်းတဲ့အရာတစ်ခုပါ။ လူတွေရဲ့ဘဝကို ပိုလွယ်ကူစေတယ်။ မိတ်ဆွေသစ် တွေနဲ့ တွေ့ဆုံပေးတယ်။ ချစ်တဲ့သူတွေနဲ့ ဆက်သွယ်ပေးတယ်။ နိုင်ငံရပ်ခြားရောက်နေသူတွေနဲ့တောင် ပြန် အဆက်အသွယ်ရစေတယ်။ ပြီးတော့ အမှတ်တရတွေကိုလည်း မှတ်တမ်းတင်ထားနိုင်တဲ့နေရာတစ်ခုပါ။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ ဆိုရှယ်မီဒီယာရဲ့ များပြားလှစွာသော အသုံးချစရာ တွေနောက်လိုက်ရင်း ပြင်ပလောကမှာ လူအချင်းချင်းထိတွေ့ဆက်ဆံမှုတွေအများကြီးကို ဆုံးရှုံးနေကြရပါ တယ်။ လူချင်းတွေ့ဆုံစကားပြောခြင်းရဲ့ အနှစ်သာရတွေလည်း တဖြည်းဖြည်း ပျောက်ဆုံးလာနေပါတယ်။

လူအများစုဟာ အဝေးကြီးကလူတွေနဲ့ အဆက်အသွယ်တွေရနေကြပေမဲ့ အနီးဆုံးရှိနေသူတွေနဲ့ တော့ အဆက်အသွယ်တွေ ပြတ်တောက်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အာရုံစိုက်မှု၊ စိတ်နဲ့ အဓိက အချိန်တွေဟာ သူတို့နဲ့ဝေးကွာနေတဲ့သူတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာပဲ ကုန်ဆုံးနေကြလို့ပါပဲ။ သူတို့တွေဟာ  ပို့စ်တင်ရင်း၊ ပုံတွေ မလှလှအောင် ပြုပြင်ရင်း၊ ချက်တင်ထိုင်ရင်း၊ တစ်ယောက်ယောက်ဖြစ်နေအောင် ဟန် ဆောင်ရင်းနဲ့ အလုပ်တွေများနေကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ စဉ်းစားကြည့်ပါ။ သင့်အနားမှာ အခုရှိနေတဲ့သူတွေ၊ မိသားစု၊ သူငယ်ချင်းတွေ၊ ပတ်ဝန်း ကျင်တွေဆိုတာ သင်နဲ့ထာဝရအတူရှိသွားကြမယ့်သူတွေမဟုတ်ပါဘူး။ မိဘတွေဆိုတာလည်း အသက်အရွယ် အိုမင်းလာကြဦးမှာပါ။ သူတို့နဲ့နောက်ထပ်အတူရှိဖို့ အချိန်ဘယ်လောက်ပဲကျန်တယ်ဆိုတာလည်း မသိနိုင်ပါ ဘူး။ ကလေးတွေဆိုတာလည်း ကလေးတွေအဖြစ်ပဲ အမြဲရှိနေကြမှာ မဟုတ်ပါဘူး။ သူတို့တွေ အရွယ်ရောက် ကြီးပြင်းလာကြဦးမှာပါ။ ပြီးရင် သူတို့မှာလည်း ကိုယ်ပိုင်ဘဝလေးတွေ ရှိလာကြပြီး သင့်ကို အခုလို ဦးစားပေး နေနိုင်ကြတော့မှာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေဆိုတာလည်း အတူတူပါပဲ။

ဒါကြောင့် သင်ချစ်တဲ့သူတွေနဲ့အတူရှိခွင့်ရချိန်လေးမှာ သူတို့တွေအတွက် အချိန်ပေးလိုက်ပါ။ မနက်ဖြန် ဆိုတာ မသေချာတဲ့အတွက် အခွင့်အရေးရှိတုန်း သူတို့တွေက သင့်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆို တာပြောပြလိုက်ပါ။ သူတို့ကိစ္စတွေမှာ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးပါ။ သူတို့ကို ချစ်တဲ့အကြောင်း မကြာခဏပြောပေးပါ။ သူတို့ကို ပွေ့ဖက်ပါ။ သူတို့နဲ့အတူရှိနေချိန်မှာ သင့်ဖုန်းကို သိမ်းထားလိုက်ပါ။ သူတို့နဲ့ မျက်လုံးချင်းဆုံပြီး စိတ်ပါလက်ပါ စကားပြောပါ။ သူတို့ပြောချင်တာတွေကို နားထောင်ပေးပါ။ သူတို့နဲ့အတူ စားပါ။ အပြင်ကို အတူသွားပါ။

ဒီနေ့ဆိုတာ သူတို့နဲ့အတူရှိခွင့်ရတဲ့နောက်ဆုံးရက်လည်းဖြစ်နိုင်တာကို အမြဲသတိရပါ။

ဒါကြောင့် အွန်လိုင်းလည်း သုံးပါ။ ဒါပေမဲ့ အွန်လိုင်းကြောင့် ပြင်ပဘဝရဲ့တန်ဖိုးထားအပ်တဲ့ ပေါင်းသင်း ဆက်ဆံရေးတွေ၊ အနှစ်သာရတွေ ဆုံးရှုံးခံလိုက်တာမျိုးမဖြစ်အောင် အချိန်အကန့်အသတ်နဲ့သာ အကျိုးရှိရှိ အသုံးပြုသင့်ပါတယ်။

သင်ကော အားလပ်ချိန်တွေမှာ မိသားစုကို အချိန်ပေးဖြစ်လား။ အွန်လိုင်းသုံးရင်းနဲ့ပဲ အချိန်တွေပိုကုန် နေမိလား။