လူတကာနဲ့ ဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နဲ့ အဆင်ပြေအောင်နေပါ။

blank

ကျွန်မတို့တတွေဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ အဆင်ပြေအောင်နေကြည့်ဖို့ မေ့နေတတ်ကြပါတယ်။ လမ်းလျှောက်တာ၊ အဝတ်ဝတ်တာ၊ အစာစားတာ၊ အလုပ်လုပ်တာ၊ ကစားတာ၊ သက်တောင့်သက်သာနေတာ၊  အနားယူတာတွေကို နေ့စဉ်နဲ့အမျှ မသိလိုက်မသိဘာသာဆောင်ရွက်နေကြတယ်။ ဒီလိုဆောင်ရွက်နေရတာနဲ့ပတ်သက်ပြီး မိမိကိုယ်ကိုယ် ကျေးဇူးတင်တတ်ဖို့ကိုလည်း မေ့နေတတ်ကြပြန်တယ်။ ကျွန်မတို့ကိုယ်တိုင်ကပဲ အတွင်းစိတ်ကို အတွေးသေးသေးလေးတွေ ပေးကြတယ်။ အသက်ရှင်နေထိုင်နေတဲ့ ကာလ ပတ်လုံး ဒီစိတ်ကပဲ ကျွန်မတို့နဲ့အတူ ရှင်သန်နေထိုင်သွားမှာပါ။ လမ်းခွဲတယ်ဆိုတာလည်းမရှိသလို ကွာရှင်းပြတ်စဲတယ်ဆိုတာမျိုးလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီစိတ်နဲ့ ကျွန်မတို့ အဆင်ပြေအောင် နေထိုင်ဖို့လိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်ကိုယ်ကိုယ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိနေခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာလာစေဖို့ပါ။ ခန္ဓာကိုယ် ကျန်းမာနေသေးတယ်ဆိုပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ စားနေတာတွေ၊ မပျော်ရွှင်စေတဲ့ စိတ်ခံစားချက်တွေကို မွေးမြူထားတာတွေကို မလုပ်သင့်ပါဘူး။

စာချစ်သူတို့ရေ သူတစ်ပါးနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့အခါတိုင်း မိမိကိုယ်တိုင်နဲ့ အဆင်ပြေအောင်နေရဲ့လားဆိုတာကို သတိလေးချပ်ကြည့်ကြပါနော်။