ချစ်ခြင်းမေတ္တာရဲ့ စစ်မှန်တဲ့ တန်ဖိုးကို နားလည်သဘောပေါက်သူ

blank

တစ်ခါက ကျွန်းတစ်ကျွန်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ချမ်းသာခြင်း၊ မာနနဲ့ အချိန်တို့ဟာ အတူတကွ တည်ရှိကြသတဲ့။ တစ်ရက် ကျွန်းပေါ်မှာ မုန်တိုင်းထန်လေတော့ အားလုံး ကျွန်းနဲ့ ဝေးရာကို ထွက်ပြေးကြတာပေါ့ကွယ်။ အချစ် ကတော့ ခေါင်းမာပြီး ကျွန်းကနေ ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်လိုက်သတဲ့။ မုန်တိုင်းဟာ တဖြည်းဖြည်းနဲ့ ပိုမိုပြင်းထန်လာပြီး ကျွန်းကြီးဟာလည်း နစ်မြုပ်လုနီးပါး ဖြစ်နေတာပေါ့။ အချစ်ဟာ မတတ်တာတော့တဲ့အဆုံး ကျွန်းပေါ်ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ပထမဆုံး အချစ်ဟာ သူ့ဘေးကနေဖြတ်ပြီး ခမ်းနားတဲ့ သင်္ဘောတစ်စင်းပေါ် တက်သွားတဲ့ ချမ်းသာခြင်းကို အကူအညီလှမ်းတောင်းလိုက်တယ်။ “ချမ်းသာခြင်းရေ ငါ့ကို မင်းနဲ့အတူ ခေါ်သွားနိုင်မလား” အကူအညီတောင်းလိုက်တော့ “စိတ်မကောင်းပါဘူး အချစ်ရေ ငါ့ သင်္ဘောပေါ်မှာ ရွှေ၊ငွေ တွေနဲ့ အပြည့်ဖြစ်နေပြီ။ မင်းအတွက် နေရာရှိတော့မယ် မထင်ဘူး” လို့ ဆိုသတဲ့။

ချမ်းသာခြင်းကို အကူအညီတောင်းလို့မရတဲ့ အချစ်ဟာ အနီးအနားမှာရှိတဲ့ လှပတဲ့ လှေတစ်စင်းပေါ် တက်တော့မှာဖြစ်တဲ့ မာနတရားကို လှမ်း အကူအညီတောင်းကြည့်ပြန်တယ်။ “မာနရေ ငါ့ကို ကူညီပါဦး” လို့ အော်ပြောလိုက်ပေမဲ့ “ငါမင်းကို မကူညီနိုင်ဘူးအချစ်ရယ် မင်းတစ်ကိုယ်လုံးလည်း ရေတွေနဲ့ စိုရွှဲနေပြီ ငါ့လှေလေး ညစ်ပတ်ကာသွားမှာပေါ့” လို့ ပြန်အော်ပြောလိုက်သတဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါနဲ့ အချစ်ဟာ “ဝမ်းနည်းခြင်းရေ ငါ့ကို မင်းနဲ့အတူ လိုက်ခွင့်ပြုပါ” ဆိုပြီး ဝမ်းနည်းခြင်းကို အကူအညီတောင်းကြည့်ပြန်တယ်။ “ငါအရမ်း ဝမ်းနည်းနေလို့ပါ အချစ်ရေ တစ်ယောက်တည်းနေပါရစေ” လို့ ဆိုသတဲ့။

ဘယ်သူ့ကိုမှ အကူအညီတောင်းလို့မရတဲ့အဆုံး အချစ်ဟာ ပျော်ရွှင်ခြင်းကို အကူအညီ တောင်းကြည့်ပြန်တယ်။ ပျော်ရွှင်ခြင်းဟာ အပျော်လွန်ကခုန်နေပြီး အချစ်ပြောတဲ့ အသံကို မကြားလိုက်ဘူးတဲ့ကွယ်။ ဒီလိုနဲ့ မကြာခင် စုန်းစုန်းမြုပ် ပျောက်ကွယ်တော့မယ့် ကျွန်းကြီးမှာ အချစ်ဟာ ကူကယ်ရာ မဲ့နေတော့တယ်။ အဲ့ဒီအချိန်မှာ ကြည်လင်အေးချမ်းတဲ့ အသံတစ်ခုကို ပေါ်ထွက်လာတယ်။ “အချစ်ရေ ငါမင်းကို ခေါ်ဆောင်သွားပါ့မယ်။”  အချစ်ဟာ အသံရှင်ခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့ပြီး ဘေးကင်းရာ ကျွန်းတစ်ကျွန်းပေါ် ရောက်ရှိလာတော့သတဲ့။

အန္တရာယ်ကနေ လွတ်မြောက်လာပြီဆိုမှ မိမိကို ကယ်တင်လာတဲ့ ကယ်တင်ရှင်က ဘယ်သူဆိုတာ မေးမြန်းဖို့ အချစ်ဟာ သတိရတော့တယ်။

ဒါနဲ့အချစ်ဟာ အနီးအနားမှာ တွေ့ရတဲ့ ပညာဗဟုသုတကို မေးမြန်းလိုက်တော့တယ်။ “ကျွန်ုပ်ကို ကယ်တင်ခဲ့တဲ့သူက ဘယ်သူများလဲ။” “အချစ်ရေ မင်းကို ကယ်တင်ခဲ့တဲ့သူက အချိန်ပါ” လို့ ပြန်ဖြေလိုက်သတဲ့။ “အချိန်…….ဟုတ်လား။ အချိန်က ဘာလို့ ကျွန်ုပ်ကို ကယ်ရတာလဲ။” “ဘာလို့လဲဆိုတော့ အချစ်ရဲ့ တန်ဖိုးကို အချိန် တစ်မျိုးတည်းကပဲ နားလည်နိုင်စွမ်းရှိလို့ပေါ့” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး တစ်ခုခု ခံစားသိမြင်သွားရတယ်ဆိုရင် Like&Share လုပ်သွားပေးပါနော်။