ကမ္ဘာလောကကြီးတစ်ခုလုံးမှာ သင့်ကို အမြဲပျော်ရွှင်စေမယ့် တစ်ဦးတည်းသောသူဆိုတာ…

blank

လူတိုင်းမှာ “ရာသီဥတုက အေးတယ်။ နွေးနွေးထွေးထွေးနေပါ” လို့ ဂရုစိုက်ပေးကြမယ့်သူ တစ် ယောက်ထက်မကတော့ ကိုယ်စီရှိကြမှာပါ။ ဒါပေမဲ့…

– ကိုယ်လိုအပ်နေချိန်မှာ ပြောပေးနိုင်မယ့်

– ကိုယ်အားငယ်နေချိန်တိုင်း အဆင်သင့်ရှိပေးနိုင်မယ့်

– ကိုယ်အိပ်မက်ဆိုးတွေနဲ့တစ်ရေးနိုးလာတိုင်း အချိန်မရွေးဖုန်းခေါ်နိုင်မယ့်

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– တစ်ခါတလေဖွင့်ပြောလို့မရတဲ့ ဝေဒနာတွေကို ကိုယ့်မျက်လုံးကြည့်ရုံနဲ့နားလည်ပေးနိုင်မယ့်

– ကိုယ့်ပျော်ရွှင်မှုတွေကို အမြဲဂရုစိုက်ပေးနိုင်မယ့်သူကတော့ “တစ်ယောက်တည်း” တောင် လူတိုင်း
မှာ ရှိချင်မှ ရှိကြမှာပါ။ ဒါတွေက အခြေအနေအကြောင်းကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ဘက် မှာလည်း သူတို့ကိစ္စတွေနဲ့ သူတို့ရှိတဲ့အခါ ကိုယ့်ဘက်က ဖွင့်ပြောချင်ရင်တောင် သူတို့ဘက်က နားထောင်ပေး ဖို့ အဆင်ပြေရဲ့လား။ အချိန်ရှိရဲ့လား။ ကိုယ့်ထက်အရေးကြီးတဲ့ ဘဝအရေးကိစ္စတွေ ရှိနေရဲ့လား။ ညကြီးသန်း ခေါင်ဖုန်းဆက်ဖို့ သူတို့အိပ်ရေးပျက်သွားမလား။ သေချာတာက တခြားသူမပြောနဲ့ ကိုယ်တိုင်တောင် တစ် ယောက်ယောက်အတွက် အမြဲအဆင်သင့်ရှိနေပေးနိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့် မှာလည်း သူတို့လိုပဲ ဘဝအရေးကိစ္စတွေအများကြီးမို့ပါ။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် ကြိုးစားတာ အသေချာဆုံးပါပဲ။ ကိုယ့်အတွက် ကိုယ်ရှိနေရင် လိုအပ်လာချိန်တိုင်း တခြားသူမရှိလည်း နေတတ် မှာပါ။ ဖြေသိမ့်တတ်မှာပါ။ ကိုယ့်ပျော်ရွှင်မှုကို တည်ဆောက်တတ်သွားမှာပါ။

သင်ကော… သင့်ကိုယ်သင်ချစ်တတ်ပြီလား။