Single ဖြစ်ခြင်းဟာ အကောင်းဆုံးဆိုတာကို သတိပြုမိစေတဲ့နေ့လေးတစ်နေ့ (သို့မဟုတ်) Single Awareness Day

blank

(၁၄) ရက်နေ့က RS တွေအကြီးအကျယ်ဆင်နွှဲခဲ့တဲ့ ချစ်သူများနေ့တော့ ပြီးသွားပြီ။ ဒါဆိုရင် ကိုယ်တွေလို Single တွေအတွက်ကော အထိမ်းအမှတ်နေ့တွေ မရှိဘူးလားဆိုရင် Single Awareness Day ကျန်ပါသေးတယ်လို့ ဖြေပါရစေ။

ဖဖော်ဝါရီလ (၁၅) ရက်နေ့မှာ ဆင်နွှဲကြတဲ့ Single Awareness Day ဟာ တစ်ကိုယ်တည်းအပျိုကြီး၊ လူပျိုကြီးဖြစ်နေတာက ဘာမှမထူးဆန်းဘူး။ ဘာမှလိုအပ်ချက်ရှိနေတာမဟုတ်ဘူးဆိုတာကို သတိပေးဖို့ ဆင်နွှဲကြတဲ့နေ့လေးတစ်နေ့ပါ။ ပြောရရင်တော့ အပျိုကြီးလူပျိုကြီးဖြစ်နေခြင်းဟာ လွတ်လပ်ခြင်းအလံတလူလူဆိုတာကို သက်သေပြတဲ့နေ့လေးတစ်နေ့ပေါ့။ ဒါ့ကြောင့်လည်း ၁၉၉၉ ခုနှစ်လောက်ကစပြီး Single Awareness Day ကို ဆင်နွှဲခဲ့ကြတာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

Single ဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ချရေးပြရရင် RS တွေရဲ့ ဦးနှောက်မမ်မိုရီတောင် ဆန့်မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ကိုယ်ကြိုက်တာလုပ်နိုင်တယ်လို့ပဲ အလွယ်လေးပြောချင်တယ်။ ဒါ့ကြောင့် ရွေးလွန်းလို့ Single ဖြစ်နေတာပဲဖြစ်ဖြစ် မရွေးချင်တော့လို့ Single ဖြစ်နေတာပဲဖြစ်ဖြစ် ဒီနေ့ဟာ သင့်ရဲ့နေ့ပါ။

သင့်ရဲ့နေ့ကို ဆင်နွှဲဖို့ ဒီပို့စ်လေးကို SHARE ပေးဖို့ မမေ့လိုက်ပါနဲ့နော်။