အသက်ကြီးလာရတာက ခက်ခဲပေမယ့် အဲ့ဒီအခက်အခဲတွေကပဲ ရင့်ကျက်လာအောင် တည်ဆောက်ပေးပါတယ်။

blank

စာချစ်သူတို့ရေ………….

ငယ်ငယ်တုန်းက အရွယ်ရောက်လာရင် အိပ်မက်တွေကို အကောင်အထည်ဖော်မယ်ဆိုပြီး စိတ်ကူးယဉ်ကြည့်ကြဖူးတယ် မဟုတ်လား။ လူကြီးဖြစ်လာရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ဘဝဟာ နေသာပြီးသက်တန့်ပေါ်တဲ့ နေ့ရက်တွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ အရွယ်ရောက်လာရင် ရင်ဆိုင်ကျော်ဖြတ်ရမယ့် ဘဝရဲ့စိန်ခေါ်မှုတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားသွားလိုက်ပါ။

၁။ ကမ္ဘာကြီးကို တေးသွားတစ်ခုအဖြစ် စိတ်ကူးယဉ်ကြည့်လိုက်ပါ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်သံစဉ်တွေဟာ ကွက်လပ်တွေကို ဖြည့်ပေးဖို့ပေါ့။ တစ်ယောက်အတွက်လိုအပ်နေတဲ့ ဟာမိုနီကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးရင်းပေါ့။ သင်သာ ကမ္ဘာကြီးမှာ မရှိဘူးဆိုရင် လိုက်ဖက်ညီတဲ့ တေးသွားတွေလည်း ဖြစ်တည်လာမှာမဟုတ်ဘူးနော်။ ဒါကြောင့် သင့်မှာရှိတဲ့ ကိုယ်ပိုင်အသံ ကိုယ်ပိုင်ဟန်တွေကို ရဲရဲဝံ့ဝံ့ ဖော်ပြလိုက်ပါ။

၂။ ကလေးဘဝကနေ လူကြီးဖြစ်လာရတဲ့ အချိန်အပိုင်းအခြားတစ်ခုမှာ ပြောင်းလဲခြင်းက သင့်အတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်အတိဖြစ်နေမှာပါ။  စိတ်လှုပ်ရှားလည်းအဆင်ပြေပါတယ်။

၂။ အနာဂတ်ကို လျှောက်လှမ်းကြရတဲ့ ပထမဦးဆုံးခြေလှမ်းတွေက သင့်အတွက် ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ယုံကြည်ချက် အပြည့်နဲ့ လျှောက်လှမ်းသွားလိုက်ပါ။

၃။ တစ်ခါတလေ ချောက်ကမ်းပါးမှာရပ်နေရသလို သင်ခံစားရင် ခံစားနေရမှာပါ။ ရင်ဆိုင်ကျော်ဖြတ်ပြီး အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချလိုက်ပါ။

၅။ စီစဉ်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်မပျက်လိုက်ပါနဲ့။ အနာဂတ်ကို ပုံဖော်ဖို့ သင်စီစဉ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိနေသေးတယ်ဆိုတာကို မမေ့ပါနဲ့ဦး။

၆။ အခက်အခဲတွေနဲ့ ရုန်းကန်နေရတာတွေအတွက် စိတ်မကောင်းဖြစ်မနေပါနဲ့။ သင်တစ်ယောက်တည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ အလုပ်တွေရှုပ်နေလို့ဆိုပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ဘာတွေပဲဖြစ်နေပါစေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့က နံပါတ်တစ် အရေးကြီးဆုံးဆိုတာ သတိရပါ။

၈။ ဘဝကို အရှုံးပေးချင်တဲ့ နေ့ရက်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမျိုးမှာ သင့်ကိုယ်သင်ယုံကြည်နေပါ။ သင်လျှောက်မယ့် ဘဝခရီးလမ်းမှာ ဘာတွေပဲဖြစ်နေပါစေ သင့်အတွက် အကောင်းဆုံးသောအရာတွေ ပိုင်ဆိုင်လာနိုင်ဖို့ ဆက်ပြီးကြိုးစားသွားလိုက်ပါ။

၉။ အနိမ့်အမြင့် အတက်အကျတွေ အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတာဟာ ဘဝပါပဲ။ သင့်ကို တိုးတက်သွားစေမယ့် ကိစ္စရပ်တွေကို ဆောင်ရွက်ရင်း ဘဝကိုရှေ့ဆက်လျှောက်လှမ်းသွားလိုက်ပါ။

အသုံးဝင်တယ်ဆိုရင် SHARE သွားဖို့ကိုလည်း မမေ့နဲ့နော်။