ထီပေါက်ခြင်းဟာ ဘဝကို တကယ်ပဲပြောင်းလဲစေတာလား။

blank

လကုန်တိုင်း လကုန်တိုင်းမှာ ကျွန်မတို့ အားကျရတဲ့သူတစ်ယောက်စီ ပေါ်ပေါက်လို့လာတတ်တယ်။

သိန်းတစ်သောင်းခွဲ ထီပေါက်ထားတဲ့သူပေါ့။

ထီပေါက်ပြီးတဲ့နောက် သူတို့ဘာဆက်ဖြစ်သွားလဲ။

သူတို့ဘဝတကယ်ပြောင်းလဲသွားတာလား။ သူတို့တကယ်ပဲ တစ်သက်လုံး ချမ်းချမ်းသာသာနေထိုင်သွားကြတာလား။

လေ့လာမှုတွေအရတွေ့ရှိခဲ့ရတဲ့ အဖြေတွေက သင့်ကိုသိပ်ကို အံ့သြစေလိမ့်မယ်။

လေ့လာသူတွေက ထီပေါက်တဲ့သူတွေရဲ့ ဘဝကို ဆက်လက်ပြီး စောင့်ကြည့်လေ့လာသွားတဲ့အခါမှာတော့ အနည်းစုကသာ တစ်ဘဝလုံး ချမ်းချမ်းသာသာ နေထိုင်သွားရတယ်လို့ဆိုပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တကယ်တော့ လူတစ်ယောက်ရဲ့ ချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်းဟာ တိုက်ရိုက်ဆက်နွယ်နေတာ မဟုတ်ပါဘူး။ ငွေကြေးစီမံခန့်ခွဲမှုကသာ လူတွေကို ပျော်ရွှင်မှုရဖို့ ကူညီပေးနိုင်တယ်လို့လည်း စိတ်ပညာရှင်တွေက ဆိုပါတယ်။

တချို့လူတွေဟာ ထီပေါက်ပြီးသွားတဲ့နောက်မှာ ငွေတွေကို ထင်တိုင်းကြဲသုံးပြီး ဘဝကိုအထိန်းအကွပ်မဲ့နေထိုင်သွားတာကြောင့် ဘဝဟာပိုတောင်ဆိုးဝါးသွားခဲ့တယ်လို့လည်း တွေ့ရှိထားပါတယ်။ အနည်းစုကတော့ ထီပေါက်ပြီးသွားတဲ့နောက်မှာ ငွေကြေးတွေကို စနစ်တကျစီမံခန့်ခွဲပြီး ချစ်ခင်ရသူတွေနဲ့ဘဝကို အတူတူဖြတ်ကျော်သွားတဲ့အတွက် သူတို့ရဲ့ဘဝတွေကတော့ အမှန်တကယ်ပဲ ပြောင်းလဲသွားခဲ့ပါတယ်။

သင်ကော… ထီပေါက်ရင်ဘာတွေလုပ်မယ်လို့စိတ်ကူးထားလဲ။