ခွင့်လွှတ်ခြင်းဟာ တကယ်ပဲကောင်းတာလား။

blank

ခွင့်လွှတ်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ သန်စွမ်းကြံ့ခိုင်တဲ့ လူတွေရဲ့ အလုပ်လို့ စိတ်ပညာရှင်တွေကတော့ ပြောကြတယ်။ ခွင့်လွှတ်လိုက်တယ်အခါ ခွင့်လွှတ်ခံလိုက်ရတဲ့သူထက် ခွင့်လွှတ်လိုက်တဲ့သူက အရင်အေးချမ်းရတယ်ဆိုတာကိုလည်း ကျွန်မတို့အားလုံးသိထားကြတယ်။ ခွင့်လွှတ်လိုက်ခြင်းအားဖြင့် အကောင်းမြင်စိတ်တွေ တိုးပွားစေတယ်၊ စိတ်ကိုငြိမ်းချမ်းစေတယ်၊ ဆက်ဆံရေးတွေကိုကောင်းမွန်စေတယ်လို့လည်း လက်ခံထားကြတယ်။ တကယ်ကော ခွင့်လွှတ်ခြင်းဟာ ကောင်းကျိုးတွေပဲရှိနေတာလား။

မကြာသေးမီက လေ့လာမှုတစ်ခုမှာ ခွင့်လွှတ်ခြင်းဟာ အကောင်းဖက်ကိုပြောင်းလဲခြင်းတွေကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်ချို့လူတွေက ခွင့်လွှတ်တတ်တဲ့သူတွေရဲ့ စိတ်ရင်းကောင်းမှုကို အလွဲသုံးစားလုပ်တတ်တာကြောင့် ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ သဘောထားကြီးတဲ့သူတွေအနေနဲ့ အခြားလူတွေရဲ့အမှားတွေကို လွယ်လွယ်ခွင့်လွှတ်ပေးလိုက်ခြင်းဟာ အဲ့ဒီလူတွေကို နောက်တစ်ခါ ထပ်မှားဖို့ အခွင့်အရေးပေးလိုက်ခြင်းလည်း ဖြစ်သွားနိုင်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အထူးသဖြင့် အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ သစ္စာဖောက်ခံလိုက်ရတဲ့အခါ ခွင့်လွှတ်ပြီးရှေ့ဆက်ကြတဲ့အခါမှာ အနည်းစုကသာ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ အချစ်ရေးတွေဖြစ်အောင်တည်ဆောက်ကြပေမယ့် အများစုကတော့ နောက်ထပ်ဖောက်ပြန်နိုင်ခြေများပါတယ်။ ခွင့်လွှတ်လိုက်တဲ့သူအနေနဲ့လည်း အချစ်ကြောင့်သာ နားလည်ပေးလိုက်ရပေမယ့် စိတ်ထဲမှာမကျေလည်မှုတွေနဲ့ ဒေါသတွေ၊ သံသယတွေရှိနေနိုင်ပါတယ်။

ဒါ့ကြောင့်ခွင့်လွှတ်လိုက်ခြင်းမှာလည်း အမှောင်ခြမ်းလေးတွေရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။