ဘဝမုန်တိုင်းတွေကို ကျော်ဖြတ်ရင်း သန်စွမ်းလာတဲ့ အမျိုးသမီးတွေမှာ ဒီလိုလက္ခဏာလေးတွေရှိပါတယ်။

blank

ဘဝမုန်တိုင်းတွေကြောင့် ရဲရင့်လာတဲ့ အမျိုးသမီးတွေဆိုတာ…

လောကဓံဆိုတာ ခက်ခဲကြမ်းတမ်းတယ်တဲ့။ ဒါပေမဲ့ တချို့အမျိုးသမီးတွေကတော့ လောကဓံကို ကျော်ဖြတ်ရင်ဆိုင်ပြီးတဲ့အခါ ပိုပြီးရဲရင့်ထက်မြက်ရဲရင့်လာကြပါတယ်။ မုန်တိုင်းတွေဘယ်လောက်ထန်ထန် တည်ငြိမ်စွာရင်ဆိုင်နိုင်တယ်။ ခက်ခဲမှုတွေကြားမှာ ရှင်သန်နိုင်တယ်။

ဘဝမုန်တိုင်းတွေကြောင့် ပိုမိုသန်စွမ်းရဲရင့်လာပြီး ရင့်ကျက်တည်ငြိမ်လာတဲ့ အမျိုးသမီးတွေမှာ ဒီလိုအရည်အချင်းလေးတွေရှိပါတယ်။

၁။ ဘဝမှာ တိကျပြတ်သားတဲ့ ဦးတည်ချက်တွေရှိတယ်။ စိတ်အားထက်သန်မှုကို အားပြုပြီး မှန်ကန်တဲ့ လမ်းကိုလျှောက်လှမ်းနိုင်ကြတယ်။ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေရှိတယ်။

၂။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ကောင်းကောင်းသိတယ်။ ကိုယ့်ရဲ့တန်ဖိုးကိုသိပြီး အခြားသူတွေနဲ့ နှိုင်းယှဉ်နေတာမျိုးကိုလည်း ရှောင်တတ်တယ်။ သူတို့ဟာ ပြီးပြည့်စုံတဲ့သူတွေမဟုတ်ပေမယ့် အတုမရှိတဲ့သူတွေဖြစ်တယ်။

၃။ နာကျင်ခြင်းတွေ၊ အခက်အခဲတွေကို အခွင့်အရေးအဖြစ် အသုံးချတတ်ကြတယ်။ မှားတဲ့အခါမှာ ပူဆွေးဝမ်းနည်းနောင်တရနေမယ့်အစား အမှားတွေကနေ သင်ယူပြီး ဘဝကိုရှေ့ဆက်တတ်ကြတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ သူတစ်ပါးတွေဆီက အာရုံစိုက်မှုရဖို့ မကြိုးစားတတ်ဘူး ။ လေးစားထိုက်တဲ့သူတွေဖြစ်အောင်ပဲ နေတတ်ကြတယ်။ ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေဆီကနေ ကျောခိုင်းထွက်သွားတတ်ကြတယ်။

၅။ ခံစားချက်တွေကို ထုတ်ဖော်ပြသရဲတယ်။ အားနည်းချက်တွေကိုလည်း အရှိအတိုင်း ချပြရဲတယ်။ လူတွေရဲ့ အထင်ကြီးမှုကိုရဖို့ ဟိတ်ကြီးဟန်ကြီးလုပ်တာမျိုးတွေကို ရှောင်ကြဉ်တတ်ကြတယ်။

၆။ အငြှိုးအတေးတွေကို ဆုပ်ကိုင်မထားဘဲ ခွင့်လွှတ်တတ်ကြတယ်။ ဘဝဆိုတာတိုတောင်းလွန်းတယ်ဆိုတာကို လက်ခံနိုင်တဲ့သူတွေဖြစ်တာကြောင့် အခြားသူတွေရဲ့ အမှားတွေကို ဆုပ်ကိုင်ပြီး စိတ်ပင်ပန်းနေမယ့်အဖြစ်မျိုးတွေကို ရှောင်ကြဉ်တတ်ကြတယ်။

၇။ ဘယ်လိုအခြေအနေမျိုးမှာမဆို အမှန်အတိုင်းပြောတတ်ကြတယ်။

သင်ကော… ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးတစ်ယောက်ဖြစ်ပြီလား။