ကံကြမ္မာဆိုတာ…

blank

၁။ လက်စားချေဖို့အတွက် သင့်အချိန်တွေကို မဖြုန်းတီးပစ်လိုက်ပါနဲ့။ သင့်အပေါ် မကောင်းခဲ့တဲ့သူတွေဆိုတာ သူတို့ကံကြမ္မာနဲ့သူတို့ ပြန်ရင်ဆိုင်တွေ့ကြမှာပါ။

၂။ ငှက်တွေက အသက်ရှင်နေချိန်မှာ ပုရွက်ဆိတ်တွေကို စားတယ်။ ငှက်တွေသေဆုံးသွားတဲ့အခါ ပုရွက်ဆိတ် တွေက ငှက်တွေကို ပြန်စားပါတယ်။ အလှည့်ဆိုတာ အချိန်မရွေးပြန်ရောက်လာတတ်တဲ့အတွက် ဘယ်သူ့အ ပေါ်မှာမှ မနှိမ်ပါနဲ့။ သင်က စွမ်းအားရှိသူတစ်ယောက်ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အချိန်က သင့်ထက် ပိုစွမ်းအားကြီးတယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

၃။ ကံကြမ္မာမှာ ကြိုက်ရာရွေးချယ်နိုင်တဲ့ မီနူးမရှိပါဘူး။ သင်နဲ့ထိုက်တန်တာကိုပဲ သင့်ကို ပေးမှာပါ။

၎။ သင်ကသာ ကျေးဇူးသိတတ်ပါ။ ချစ်ခြင်းတရားနဲ့ ရှင်သန်နေထိုင်ပါ။ စိတ်ကောင်းကောင်းထားပါ။ ခွင့်လွှတ် ပါ။ ဒါဆိုရင် ကံကြမ္မာကလည်း တရားမျှတပါတယ်။

၅။ ကံကြမ္မာဆိုတာ သူသွားရမယ့် နေရပ်လိပ်စာကို ဘယ်တော့မှ မမေ့ပါဘူး။

၆။ ကောင်းတာလုပ်ရင် ကောင်းတာတွေက သင့်ဆီပြန်လာပါလိမ့်မယ်။

၇။ ကံကြမ္မာမှာ deadline ဆိုတာ မရှိပါဘူး။

၈။ ကံကြမ္မာဆိုတာ ဘဝပါပဲ။ သင့်ဘဝမှာ ဆိုးတာတွေလုပ်နေရင် သင့်ကံကြမ္မာကလည်း ဆိုးမှာပါပဲ။

၉။ ကစားသမားကောင်းတစ်ယောက်တောင်မှ ပိုကောင်းတဲ့ကစားသမားနဲ့တွေ့တဲ့အခါ အရှုံးပေးရတတ်ပါ တယ်။ အဲ့ဒါဟာ ကံကြမ္မာပါပဲ။

၁ဝ။ အကောင်းဆုံးဆီသွားချင်ရင် အဆိုးဆုံးအခြေအနေတွေကိုလည်း ကျော်ဖြတ်ရမှာပါပဲ။

၁၁။ သင့်ပြုတဲ့ကံသင့်ထံပြန်လာမယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၁၂။ လူတွေရဲ့အပြုအမူတွေကို ခွင့်လွှတ်ပါ။ အမုန်းတရားတွေမထားဘဲ လွတ်လွတ်လပ်လပ်နေပါ။ ကံကြမ္မာ က သူ့အလုပ်သူလုပ်ပါလိမ့်မယ်။

၁၃။ သင်စိုက်ပျိုးသမျှ သင်ရိတ်သိမ်းရတဲ့အရာဟာ “ကံကြမ္မာ” ပါပဲ။

၁၄။ ကမ္ဘာကြီးကို သင့်မှာရှိသမျှ အကောင်းဆုံးတွေပေးပါ။ သင့်ဆီကိုလည်း အကောင်းဆုံးတွေ ပြန်လာပါ လိမ့်မယ်။

၁၅။ လူတွေက သင့်ကို ဘယ်လိုဆက်ဆံတယ်ဆိုတာ သူတို့ကံကြမ္မာပါ။ သူတို့ကို သင်ဘယ်လိုတုံ့ပြန်တယ် ဆိုတာက သင့်ကံကြမ္မာပါ။

၁၆။ စိတ်အေးအေးထားပါ။ သင်အဆုံးမသတ်နိုင်တဲ့အရာတွေကို ကံတရားက အဆုံးသတ်ပေးပါလိမ့်မယ်။

၁၇။ ကံကြမ္မာဆိုတာ လိုအပ်လာတဲ့အခါ သင့်ဆီပြန်လာဖို့လည်း အားမနာတတ်ပါဘူး။

၁၈။ သစ်ပင်တစ်ပင်က သန်းပေါင်းများစွာသော မီးခြစ်ဆံတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ သန်းပေါင်းများ စွာသော သစ်ပင်တွေကို လောင်ကျွမ်းစေဖို့ကတော့ မီးခြစ်ဆံတစ်ခုပဲလိုပါတယ်။

၁၉။ သင့်အပေါ် မုန်းချင်နေသူတွေကို မုန်းခွင့်ပေးလိုက်ပါ။ သူတို့ကံကြမ္မာကို ကံတရားက စီမံပါလိမ့်မယ်။

၂ဝ။ သင်ပြုလုပ်တဲ့ဆိုးညစ်မှုတွေက သင်နဲ့အတူရှိနေမှာပါ။ သင်ကောင်းတာလုပ်ရင် ကောင်းတာတွေကလည်း သင်နဲ့အတူ ရှိနေမှာပါပဲ။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။