ကျွန်မတို့ဘာကြောင့် အိပ်မက်ဆိုးတွေမက်ကြတာလဲ။

blank

စာချစ်သူတို့ရေ…

လူတိုင်းရဲ့ဘဝမှာ အိပ်မက်ဆိုးမက်ဖူးကြမှာပါ။ အိပ်မက်ဆိုးဆိုတာ ဘာလဲ။ လူတွေဟာ တစ်ခါတစ်ရံ မှာ အနိဌာရုံတွေ၊ တစ္ဆေသရဲလိုက်ခံရတာတွေ၊ အတိတ်နိမိတ်ဆိုးတွေကို ဘာကြောင့် အိပ်မက်မက်ကြတာလဲ။ ဆွစ်ဇာလန်နဲ့ အမေရိကန်သိပ္ပံပညာရှင်တွေကတော့ အဲ့ဒီမေးခွန်းတွေအတွက် အဖြေတွေကို စမ်းသပ်မှုတွေနဲ့ ရှာဖွေခဲ့ကြပါတယ်။

သူတို့ထင်မြင်ချက်အရ ဒီလိုအိပ်မက်ဆိုးမက်တာတွေဟာ လူတစ်ယောက်ရဲ့ တကယ့်ဘဝထဲက အဆိုး မြင်ခံစားမှုတွေကို ကူညီဖြေရှင်းပေးဖို့အတွက် အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ဆိုပါတယ်။ တစ် နည်းအားဖြင့် အိပ်မက်ထဲခံစားရတဲ့ ခံစားမှုတွေဟာ ပြင်ပကမ္ဘာက စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ကူညီဖြေရှင်း ပေးဖို့နဲ့ ရှေ့မှာကြုံလာရနိုင်ဖွယ်ရှိတဲ့ စိတ်ဖိစီးမှုတွေကို လက်ခံရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်အောင် ကူညီပေးဖို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်တွေဟာ electroencephalogram တစ်ခုကို အသုံးပြုပြီးတော့ လူတွေအိပ်ပျော်နေချိန် အတွင်း ဦးနှောက်ရဲ့အစိတ်အပိုင်းတွေ လှုပ်ရှားကြပုံအမျိုးမျိုးကို လေ့လာခဲ့ကြပါတယ်။ စမ်းသပ်မှုမှာ ပါဝင်ခဲ့ ကြတဲ့  ၁၈ ဦးတို့ကို တစ်ညတည်းမှာပဲ အကြိမ်များစွာနှိုးပြီး သူတို့အိပ်မက်ထဲမှာ မြင်မက်ခဲ့ကြတဲ့အရာတွေ၊ အိပ်မက်ဆိုးမက်ခဲ့တာရှိမရှိဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်ချက်အရ လူတွေအိပ်ပျော်နေချိန်မှာ အိပ်မက်ဆိုးမက်အောင် ပြုလုပ်ပေးတဲ့ ဦးနှောက်ထဲက ဧရိယာ ၂ ခုကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲ့ဒီ ၂ ခု ကတော့ insula နဲ့ midcingulate cortex တို့ပဲ ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အဲ့ဒီအစိတ်အပိုင်း ၂ ခုတို့ဟာ လူ တစ်ယောက်ရဲ့တကယ့်လက်တွေ့ဘဝထဲ နာကျင်စရာတွေ ကြုံတွေ့လာတဲ့အခါ၊ စိုးရိမ်ပူပန်မှုတွေ ခံစားရတဲ့ အခါမှာ သက်ဝင်လှုပ်ရှားလာကြပါတယ်။ Insula ကတော့ ခံစားမှုတွေကို တွက်ချက်ဖို့ တာဝန်ယူပြီး စိုးရိမ် ပူပန်မှုတွေကိုခံစားနေရတဲ့ လူတစ်ယောက်အဖြစ် အလိုအလျောက်စတင်လှုပ်ရှားပါတယ်။ Midcingulate cortex ကတော့ အန္တရာယ်တစ်ခုခု ကြုံတွေ့လာချိန်မှာ လူတစ်ယောက်ရဲ့အပြုအမူကို ထိန်းချုပ်ဖို့ နည်းလမ်းနဲ့ ကြောက်ရွံ့မှုတစ်ခုကို ကြုံနေချိန်အတွင်း လုံလောက်တဲ့တုံ့ပြန်မှုတွေဖြစ်လာဖို့ ပြင်ဆင်ပေးပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိမှုအရ မကြာမကြာအိပ်မက်ဆိုးမက်လေ့ရှိကြသူတွေဟာ လက်တွေ့ဘဝမှာ အဆိုးတရားတွေကို ဆိုးဆိုးဝါးဝါးတုံ့ပြန်မှုလျော့နည်းကြသူတွေပါတဲ့။

ဒါကိုကြည့်ခြင်းအားဖြင့် လူတွေရဲ့အတွင်းစိတ်တွေဟာ သူတို့လက်တွေ့ဘဝနဲ့ဆက်စပ်နေတယ်ဆိုတာ ပိုရှင်းလင်းသွားစေပါတယ်။ ပြီးတော့ ဘယ်ပြဿနာတွေကြောင့် စိုးရိမ်ပူပန်မှုတွေ ခံစားရစေတယ်ဆိုတာကို လည်း ခွဲခြမ်းစိတ်ဖြာနိုင်အောင် ကူညီပေးပါတယ်။ ဥပမာအားဖြင့် အိပ်မက်ထဲမှာ အနောက်က တစ်ခုခုလိုက်လို့ ပြေးနေရတာမျိုး မြင်မက်ခြင်းက တကယ့်လက်တွေ့ဘဝမှာ မဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုခုရှိနေတာနဲ့ ဆက် စပ်နေတယ်လို့ သိပ္ပံပညာအရ တွေ့ရှိရပါတယ်။

ဒါပေမဲ့… ဒီတွေ့ရှိချက်တွေကလည်း တပ်အပ်သေချာပြောနိုင်ဖို့ နောက်ထပ်လေ့လာမှုတွေအများကြီး ပြုလုပ်ဖို့ လိုအပ်သေးတယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောဆိုထားကြပါသေးတယ်။

သင်ကော အိပ်မက်ဆိုးမက်ဖူးလား။ အိပ်မက်ဆိုးမက်တာက ဘာကြောင့်လို့ ထင်ပါသလဲ။