အပျိုကြီးဖြစ်နေလို့ စိတ်ပူပေးနေတဲ့ ပတ်ဝန်းကျင်ကလူတွေဖတ်ဖို့…

blank

ကောင်မလေးက ရုပ်လည်းချောတယ်၊ သဘောလည်းကောင်းတယ်၊ လူကရည်ရည်မွန်မွန်လေး၊ ဒါတောင်ဘာကြောင့် အပျိုကြီးဖြစ်နေရတာလဲလို့ တွေးတွေးပြီးပူပေးနေတဲ့ ပတ်ဝန်းကျင်ကြီးရေ…။

ကျွန်မအပျိုကြီးဖြစ်နေတဲ့ မဟာအကြောင်းပြချက်ကြီးကတော့ ကျွန်မအပျိုကြီးဖြစ်ချင်လို့ပါ။ ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူးထင်တယ်နော်။

ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်။ ဘဝလက်တွဲဖော်ကောင်းတစ်ယောက်ကို လိုက်ရှာနေမယ့်အစား အလုပ်မှာ အာရုံစိုက်တယ်။

ဘဝဆိုတာ အချစ်ရေးတွေထက်အများကြီး ကျယ်ပြန့်လေးနက်တယ်လို့ ကျွန်မယုံကြည်တယ်။

ကျွန်မဘဝရဲ့ အလေးထားရာတွေက အိမ်ထောင်ရေးထက် ကြီးမားကျယ်ပြန့်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဘဝအတွက် ပန်းတိုင်တွေက တိကျပြတ်သားတယ်။ ဟုတ်တယ်။ ကျွန်မဟာ လွတ်လပ်မှုကို ခုံမင်လွန်းတဲ့ ငှက်ကလေးပါပဲ။ ကျွန်မစကားပြောချင်တဲ့သူနဲ့ လွတ်လွတ်လပ်လပ်ပြောလို့ရမယ်။ သူငယ်ချင်းတွေနဲ့ လည်လို့ပတ်လို့ရမယ်။ ကျွန်မဆန္ဒရှိရင်ကောင်းကင်ကကြယ်ကို တက်ခူးခွင့်ရှိသလို ကျွန်မပျင်းရိနေရင်  ညအိပ်ဝတ်စုံတောင်မလဲဘဲ တစ်နေကုန်နေလို့ရတယ်။

ဒိတ်ရတဲ့နေ့တွေအစား သူငယ်ချင်းတွေနဲ့ လျှောက်သွားရတာကို ကြိုက်တယ်။

ဒရာမာတွေကင်းတယ်၊ ကောင်လေးနဲ့ကောင်မလေးရဲ့ အချစ်ရေးက ဘယ်လိုဆိုတဲ့ ဝေဖန်စကားတွေနဲ့ ဝေးတယ်။ ဖြည်းဖြည်းနဲ့မှန်မှန်သွားနေတဲ့ ကျွန်မရဲ့ ဘဝလမ်းက လွတ်လပ်မှုတွေနဲ့ ဖြောင့်လို့ဖြူးလို့။

ဒါ့ကြောင့် ကျွန်မအတွက်မပူပါနဲ့တော့ ပတ်ဝန်းကျင်ကြီးရေ။

ကျွန်မပြောတာကို သဘောကျတယ်ဆိုရင် like လေးတစ်ချက်တော့ ပေးခဲ့ပါဦး။