ဆင်ခြေပေးခြင်းက အမှန်တရားကို ဖုံးကွယ်နိုင်လား

blank

့တွေဟာ အိပ်မက်တွေပြည့်ဝဖို့ လုပ်ဆောင်နေချိန်မှာ ဆင်ခြေတွေအများကြီးပေးတတ်ကြပါတတယ်။ တစ်ခါတလေ အဲ့ဒီဆင်ခြေတွေဟာ အလိမ်အညာစကားတွေ ဖြစ်နေပါတယ်။ အလိမ်အညာစကားဆိုတာ သူတစ်ပါးကို လိမ်ညာတာမဟုတ်ဘဲ အမှန်ကိုဖုံးကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ်လိမ်ညာတာပါ။

ဆင်ခြေတွေနဲ့ ဖြေရှင်းချက်တွေက ကိုယ့်အမှားကို အမှန်ဖြစ်သွားအောင် လုပ်မပေးနိုင်ဘူး။ ကိုယ့်ဘဝမှာ တန်ဖိုးရှိလာအောင်လည်း လုပ်မပေးနိုင်ဘူး။ ကိုယ့်အရည်အချင်းကို တိုးတက်အောင်လည်း လုပ်မပေးနိုင်ဘူး။ ဘဝမှာ ကိုယ်တက်လှမ်းချင်တဲ့နေရာရောက်ဖို့ဆိုရင် အလုပ်နဲ့သက်သေပြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့်လုပ်ရပ်တွေအပေါ် အာရုံစိုက်ဖို့၊ ဆက်လက်လုပ်ဆောင်နေဖို့နဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို အပြည့်အဝလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်အောင်မြင်မှုအတွက် ဘယ်သူမှကိုယ်စားလုပ်ပေးလို့မရပါဘူး။ ရှင်သန်နေတဲ့ကိုယ့်ဘဝဟာ ကိုယ်ကိုယ်တိုင်တည်ဆောက်ရမယ့်ဘဝပါ။ ဘဝမှာ ကိုယ်ဘယ်နေရာမှာရောက်နေတယ်၊ ဘယ်နေရာကိုသွားချင်လဲဆိုတဲ့အပေါ်မူတည်ပြီး ရွေးချယ်ဖို့ အခွင့်အလမ်းများစွာရှိပါတယ်။ ဒါကြောင့် အခုချိန်ဟာ ဆင်ခြေတွေပေးမနေဘဲ တကယ့်လက်တွေ့လုပ်ရပ်တွေနဲ့ပဲ ရှေ့ဆက်ဖို့ခြေလှမ်းလှမ်းရမယ့်ကာလပါပဲ။

ဆင်ခြေပေးခြင်းနဲ့ပတ်သက်ပြီး စာချစ်သူတို့ရဲ့အမြင်လေးတွေကိုလည်း မျှဝေပေးပါဦးနော်။