ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ချင်ရင် သင့်ကိုယ်သင် အရင်ခွင့်လွှတ်လိုက်ပါ။

blank

စာချစ်သူတို့ရေ…

ပျော်ရွှင်ချင်လား။

ဒါဆိုရင်တော့ သင့်ကိုယ်သင် ခွင့်လွှတ်တတ်သူဖြစ်အောင် အရင်ကြိုးစားဖို့ လိုအပ်ပါတယ်။

  • အပျက်သဘောဆောင်တဲ့အခြေအနေတွေကို ထပ်ခါထပ်ခါတွေးချင်နေတဲ့စိတ်တွေ လျှော့ပါ။
  • အမှားတွေကို ပြန်သုံးသပ်ပြီး နောက်ကြောင်းပြန်နေခြင်းအားဖြင့် အတိတ်တွေကို ပြန်မတူးဆွမိအောင် နေပါ။
  • အတိတ်တုန်းက သင်မပိုင်ဆိုင်ခဲ့ရတဲ့အရာတွေ၊ ရှိခဲ့ဖြစ်ခဲ့သင့်တဲ့အရာတွေကို ပြန်တွေးပြီး သင့်ကိုယ် သင် အပြစ်တင်နေတာတွေ လျှော့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အရာအားလုံးဟာ ဖြစ်ချိန်တန်ရင်ဖြစ်ပြီး ပျက်ချိန်တန်ရင် ပျက်သွားကြမှာပါ။ အမြဲပြောင်းလဲနေတဲ့ လောကကြီးမှာ ဘယ်အရာမှအမြဲမတည်မြဲနိုင်တဲ့အတွက် အတိတ်ကအမှားတွေကို ခွင့်လွှတ်ပြီး လက်ရှိအချိန် ကို ပိုကောင်းအောင် တည်ဆောက်တာ အကောင်းဆုံးပါပဲ။

သင်ကော ပျော်ရွှင်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။