တစ်ဝက်တစ်ပျက်ပေးနေတဲ့အချစ်တွေကို လက်ခံနေတာ ရပ်လိုက်ပါ။

blank

သူတစ်ဖက်သားအပေါ် သင်ဘယ်တော့မှ မဆက်ဆံဖူးတဲ့ပုံစံမျိုးတွေနဲ့ တခြားသူတွေက သင့်ကိုလာ ဆက်ဆံတာမျိုးတွေ လက်သင့်မခံဖို့ သင့်ကိုယ်သင် ကတိပေးထားပါ။ မကောင်းတဲ့အပြုအမူမှန်သမျှ လက်သင့် မခံဘူးလို့ သင့်ကိုယ်သင် ကတိပေးထားပါ။ အကျိုးမရှိတဲ့စကားတွေကို နားထောင်မှာမဟုတ်ဘူးလို့ သင့်ကိုယ် သင်ကတိပေးထားပါ။ သင့်ကိုယ်သင် သိနားလည်ထားတဲ့ သင့်တန်ဖိုးထက် လျော့နည်းတဲ့ဆက်ဆံမှုတွေတိုင်း ကို ဘယ်တော့မှ လက်မခံဘူးဆိုတာ သင့်ကိုယ်သင် အမြဲကတိပေးထားပါ။

သင့်တန်ဖိုးကို သင်သိပါ။ သင့်ဘဝရဲ့အလေးအမြတ်ထားရတဲ့အရာတိုင်းကို သိပါ။ အဲ့ဒီအရာတွေကို တခြားသူတွေကြောင့် နှိမ့်ချပေးလိုက်ရတာမျိုး ဘယ်တော့မှ အဖြစ်မခံပါနဲ့။

သင့်ကို အားမနာစတမ်းအမြဲစောင့်ဆိုင်းခိုင်းနေတတ်တဲ့သူတွေကို ထားခဲ့လိုက်ပါ။ ပြောင်းလဲမယ်ပြော ပြီး လက်တွေ့ပြောင်းလဲမလာတဲ့သူတွေအပေါ် ဆက်ယုံနေတာတွေကို ရပ်လိုက်ပါ။ သင့်ခံစားချက်တွေကို အ သိအမှတ်မပြုဘဲ သင့်ကို အရုပ်လိုကစားနေတဲ့သူတွေနဲ့ အဝေးကို ထွက်သွားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့အဲ့ဒီလိုလုပ်နေကြတယ်ဆိုတာ သင့်အပေါ် လေးစားမှုမရှိလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင့်အပေါ် မမှန်ကန်တဲ့ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး ဆင်ခြေတွေပေးနေတာကို အားနာနာနဲ့ နား ထောင်ပေးနေတာတွေကို ရပ်လိုက်ပါ။ လူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လေးစားသမှု၊ ကြင်နာမှုနဲ့ ဆက်ဆံကြရမှာပါ။ တစ်ဖက်ဖက်က သည်းခံနေတယ်ဆိုတိုင်း အားနည်းချက်တွေကို အပိုင်ကိုင်ထားတာ၊ အ သုံးချတာမျိုးတွေ မဖြစ်သင့်ပါဘူး။ သင့်ဘက်ကချည်း အမြဲသည်းခံပေးနေခြင်းနဲ့ သင့်အပေါ်နှိမ့်ချဆက်ဆံခွင့် ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့။

ဒီနေ့ကစပြီး သင့်ခံစားချက်အတိုင်းနေပါ။ သင့်စကားသံဟာ သင့်နှလုံးသားထဲက ခံစားမှုအစစ်ဖြစ်ပါ စေ။ သင်ကိုယ်တိုင်က သင်နဲ့မထိုက်တန်တဲ့ဆက်ဆံရေးတွေ၊ အပြည့်အဝမပေးတဲ့ ချစ်ခြင်းတွေကို လက်မခံ တော့တဲ့အခါ သင့်အပေါ် တစ်ဝက်တစ်ပျက်ပေးနေတဲ့ချစ်ခြင်းတွေလည်း အလိုလိုရပ်တန့်သွားပါလိမ့်မယ်။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။