ဘဝကို အကောင်းဆုံး မှန်မှန်ကန်ကန်နဲ့ နေထိုင်သွားဖို့ မဖြစ်မနေလက်ခံထားသင့်တဲ့ အချက်(၂ဝ)

blank

၁။ ဘဝထဲကို ဝင်လာတဲ့လူရှိရင် ထွက်ခွာသွားတဲ့လူဆိုတာလည်း ရှိစမြဲပါ။

၂။ သင်ခန်းစာတိုင်းမှာ ပေးဆပ်လိုက်ရတဲ့တန်ကြေးဆိုတာရှိသလို ရယူစရာတွေ ရှိနေသေးတယ်ဆိုတာကိုလည်း မမေ့သင့်ပါ။

၃။ ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကို နှလုံးသားထဲ အမြဲသိမ်းဆည်းထားပေးပါ။

၎။ အချစ်ရေးတစ်ခု အောင်မြင်ဖို့ အားထုတ်မှုတစ်ခုတော့လိုအပ်စမြဲပါ။

၅။ သင်ရေလောင်းပေးတဲ့ မြက်ပင်တွေက ပိုစိမ်းလန်းစမြဲပါ။

၆။ လူတွေအားလုံးကို သင်မကျေနပ်စေနိုင်တာ သဘာဝပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးတစ်ခုကို ကောင်းမွန်စွာ တည်ဆောက်ပါ။

၈။ လူတွေနဲ့ စကားမပြောချင်လို့မရပါဘူး။ လူ့ကျင့်ဝတ်တွေအရ မဖြစ်မနေ ပြောဆိုဆက်ဆံရမှာပါ။

၉။ ဘယ်သူမှ သင့်အကြောင်းကို ထဲထဲဝင်ဝင် စိတ်မဝင်စားကြပါ။

၁ဝ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ထားပါ။

၁၁။ ရုပ်ပိုင်းဆိုင်ရာ လှပမှုက ထင်သလောက်အရေးမကြီးပါဘူး။ သင်ဘယ်လိုပြုမူတယ်ဆိုတာကသာ ပိုအရေးကြီးတာပါ။

၁၂။ မာနက အရာအားလုံးကို မဖြေရှင်းနိုင်ပါ။

၁၃။ ကိုယ့်ကိုယ်ကိုယ်နဲ့ ငြိမ်းချမ်းရေးရနေရင် အမှန်တကယ် ပျော်ရွှင်ရမှာပါ။

၁၄။ လူတွေ လှောင်ပြောင်မှာကို မကြောက်ပါနဲ့၊ အဲ့ဒါက တစ်ခဏပါ။

၁၅။ ဘဝက ဘယ်တုန်းကမှ မတရားခဲ့ပါဘူး။ နောင်လည်း တရားချင်မှ တရားလာမှာပါ။

၁၆။ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ဘဝကို သံသယကင်းကင်း နေထိုင်သွားပါ။

၁၇။ စိတ်ကြည်နူးစေတဲ့ ကိစ္စရပ်တွေကို တစိမ့်စိမ့်တွေးရင်း ကျေနပ်နေပါ။

၁၈။ ကိုယ်လျှောက်မယ့်လမ်းကို အသိပညာနဲ့ ယှဉ်ပြီး ရွေးချယ်ပါ။

၁၉။ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ဖြစ်ပျက်လာတဲ့အကြောင်းအရာတွေကို တခြားရှုထောင့်ကနေ ရှုမြင်သုံးသပ် ကြည့်ပါ။

၂ဝ။ အမြဲ ကြင်နာတတ်ပါစေ။

ဂန္ထဝင် စာချစ်သူတို့ရေ အထက်ပါ အချက်(၂ဝ)ကို လိုက်နာပြီး မှန်ကန်ကောင်းမွန်တဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ နေထိုင်သွားကြစို့လား……….