သူ့ဆုတောင်း

တစ်ခါတုန်းက အသက် (၆၅) နှစ်အရွယ် စုံတွဲတစ်တွဲဟာ သူတို့ရဲ့ (၄၅) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကို စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားရင်း ကျင်းပနေခဲ့ပါတယ်။ စားသောက်ပြီးတဲ့အချိန်မှာတော့ ခင်ပွန်းဖြစ်သူက အရမ်းလှပတဲ့ လော့ကတ်လေးပါဝင်တဲ့ ရှေးဆန်ဆန် ရွှေဆွဲကြိုးလေးကို ဇနီးဖြစ်သူရဲ့ လည်ပင်းမှာ ဆွဲပေးလိုက်ပါတယ်။ ဇနီးဖြစ်သူလည်း စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ လော့ကတ်လေးကို ဖွင့်ကြည့်လိုက်တာပေါ့။

ဒီအခါမှာ သေးငယ်တဲ့နတ်သမီးတစ်ပါးဟာ သူတို့ရှေ့မှာ ပေါ်ထွက်လာပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ဟာလည်း နတ်သမီးလေးကို ကြည့်ရင်း အံ့သြနေတာပေါ့။ နတ်သမီးလေးက သူတို့နှစ်ယောက်ကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီး “ရှင်တို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ စစ်မှန်တဲ့ မေတ္တာတွေက ကျွန်မကို ဒီလော့ကတ်ထဲကနေ လွတ်မြောက်စေခဲ့တာပါ။ ဒါကြောင့် ရှင်တို့နှစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီကိုလည်း ပြန်ဖြည့်ဆည်းပေးပါ့မယ်။ ကြိုက်တဲ့ဆုတောင်းကြပါ” လို့ပြောလိုက်ပါတယ်။

အမျိုးသမီးဖြစ်သူက ချက်ခြင်းဆိုသလိုပဲ ကျွန်မခင်ပွန်းနဲ့ ကမ္ဘာတစ်ပတ် ခရီးထွက်ချင်ပါတယ်” လို့ပြောလိုက်ပါတယ်။ နတ်သမီးလေးက သူမရဲ့ မှော်နှင်တံလေးကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ကမ္ဘာတစ်ပတ်ခရီးစဉ်အတွက် ပထမတန်း လေယာဉ်လက်မှတ်နှစ်စောင်ဟာ စားပွဲပေါ်မှာ ဗြုန်းခနဲ ပေါ်လာခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာလည်း အရမ်းပျော်ရွှင်သွားကြတာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီတစ်ခါမှာတော့ နတ်သမီးလေးက ခင်ပွန်းဖြစ်သူဘက် လှည့်လိုက်ပြီး “ကဲ ရှင့်ဆန္ဒကကော” လို့မေးမြန်းလိုက်ပါတယ်။

ခင်ပွန်းဖြစ်သူဟာ အချိန်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီးတော့ “စိတ်တော့မရှိပါနဲ့။ ဒါပေမဲ့ ဒီကမ္ဘာတစ်ပတ်ခရီးစဉ်ကို ပြည့်ပြည့်ဝဝပျော်ရွှင်နိုင်ဖို့ဆိုရင် ပိုငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်ပဲ ခရီးထွက်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ဇနီးဖြစ်သူကို ကျွန်တော့်ထက် အသက်သုံးဆယ်လောက် ငယ်စေချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

နတ်သမီးလေးက မိန်းမဖြစ်သူကို သေချာကြည့်ရှုလိုက်ပြီးတော့ သူမရဲ့ မှော်နှင်တံလေးကို နောက်တစ်ခါထပ်ဝှေ့ယမ်းလိုက်ပါတယ်။ စက္ကန့်ပိုင်းတောင်မကြာလိုက်တဲ့ အချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူထက် အသက်သုံးဆယ်ပိုကြီးတဲ့ အသက်ကိုးဆယ်အရွယ်အဘိုးအိုတစ်ယောက်ဖြစ်သွားပါတော့တယ်။

စာချစ်သူတို့ရေ ဒီပုံပြင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။