ဝေဖန်မှုတွေကြောင့် ရှေ့ဆက်မတိုးဘဲ နေတော့မှာလား။

blank

ကျွန်မတို့အားလုံးဟာ အတိတ်ကအမှားတွေ၊ ဒဏ်ရာတွေ၊ နာကျင်မှုတွေကြားမှာ ရုန်းကန်ရှင်သန်နေရတာပါ။ ကျွန်မတို့ကိုယ်စီမှာ အတိတ်ဇာတ်လမ်းတွေရှိပါတယ်။

ဒီအတိတ်ကအကြောင်းအရာတွေကြောင့် ဝေဖန်မှုတွေ ကြုံလာတဲ့အခါမှာ စိတ်ထိခိုက်နာကျင်ပြီး ရှေ့မဆက်ဘဲ နေမှာလား။

ဒါမှမဟုတ် တခြားသူတွေရဲ့ ဝေဖန်ပြောဆိုတာတွေဟာ ကိုယ့်ကိုဘာမှမထိခိုက်စေဘူးဆိုတာ သိရှိပြီး ရှေ့ဆက်တိုးမှာလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ ဒီနာကျင်မှုတွေကိုလက်ခံလိုက်တာလည်း ကိုယ်ကိုယ်တိုင်ဖြစ်ပြီး ပြန်ကုစားပေးနိုင်တာကလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ရွေးချယ်မှုတွေကပဲ ကိုယ်ဘယ်လိုဘဝပိုင်ဆိုင်နိုင်မယ်ဆိုတာ ဆုံးဖြတ်ပေးသွားတာပါ။ ကိုယ့်ဘဝကိုယ်တည်ဆောက်နိုင်ဖို့၊ ဒဏ်ရာတွေကို ကုစားနိုင်ဖို့ နေ့စဉ်အသေးစား ရွေးချယ်မှုလေးတွေ လုပ်ရပါတယ်။

စာချစ်သူတို့ရဲ့ဘဝမှာ ရွေးချယ်ခဲ့ရတဲ့အရာလေးတွေကိုလည်း comment box မှာမျှဝေပေးသွားပါဦးနော်။