ဆယ်ကျော်သက်ဖြစ်လာတော့မယ့် သမီးလေးတစ်ယောက်ရှိရင် ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ။

blank

မိန်းကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ ခန္ဓာကိုယ်ရဲ့ မျိုးပွားစနစ်တွေ ကောင်းစွာဖွံ့ဖြိုးဖို့ တာဆူလာပါပြီ။ ဟော်မုန်းပမာဏတွေ မြှင့်တက်လာပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးလာတာနဲ့အတူ စိတ်တွေလည်းစပြီး ပြောင်းလဲလှုပ်ခတ်စပြုလာတဲ့ အချိန်ပါပဲ။

မျိုးရိုး၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေပေါ်လိုက်ပြီး အရွယ်စရောက်လာတဲ့အချိန်၊ ပျိုဖော်စဝင်တဲ့အချိန် ကွဲပြားနိုင်ပါတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အရွယ်ရောက်တဲ့အချိန်စောတတ်ပါတယ်။ မိန်းကလေးတစ်ယောက် ပျိုဖော်စဝင်လာတော့မယ်ဆိုရင် မိသားစုနဲ့ လူကြီးသူမတွေ၊ ဆရာမတွေအနေနဲ့ သူတို့ကို မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အပြင်တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း၊ ကျန်းမာရေးဗဟုသုတတွေအကြောင်း ပြောပြထားဖို့လိုပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မိန်းကလေးတစ်ယောက် ပျိုဖော်စဝင်လာပြီဆိုရင်….။

  • ခါးသေး၊ ရင်ချီဖြစ်လာမယ်။

• အရပ်တွေ ရှည်ထွက်လာမယ်။

• အသားအရေတွေ စပြီးပြောင်းလဲလာမယ်။

• ရင်သားတွေ တင်းကြပ်လာမယ်။

• အမွှေးအမျှင်တွေ ထွက်လာမယ်။

• ရာသီသွေးဆင်းလာမယ်။

• ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားစပြုလာမယ်။

• ကိုယ့်ရဲ့ပုံပန်းသွင်ပြင်အကြောင်း စိတ်ဝင်စားလာမယ်။ စိတ်ပူတတ်လာမယ်။

အဲ့ဒီအချိန်မှာ ဖြစ်တတ်တဲ့ စိတ်အတက်အကျတွေ၊ စိတ်ပူပန်မှုတွေအကြောင်း သိထားခြင်းဟာ ပျိုဖော်ဝင်ချိန်မှာဖြစ်တတ်တဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ ကူညီပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့လည်း ဟော်မုန်းအပြောင်းအလဲတွေအကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးအကြောင်း၊ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း ပြောပြထားဖို့လိုပါတယ်။

သင့်မှာ ဆယ်ကျော်သက်အရွယ်ကို ချဉ်းကပ်စပြုလာတဲ့ သမီးလေးတစ်ယောက်ရှိလား။ သင့်သမီးလေးကို မျိုးဆက်ပွားကျန်းမာရေးအကြောင်း ဘာတွေပြောပြထားပြီးပြီလဲ။