ဘဝဆိုတာ အခက်အခဲတွေနဲ့ အမြဲပြည့်နေတဲ့အရာပါ။ ဒါကြောင့် သင်ကြံ့ခိုင်မှုရှိပါ။

blank

တကယ်တော့ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေဆိုတာ လူတိုင်းရဲ့ဘဝမှာ အမြဲတမ်းရှိနေမယ့် အရာ တွေမဟုတ်ပါဘူး။ ဒါပေမဲ့ လူအများစုကတော့ အဲ့ဒီအခက်အခဲတွေဟာ ဘယ်တော့မှ မပြီးဆုံးတော့ဘူးလို့ ထင် နေတတ်ကြတယ်။ အမှန်တော့ အခက်အခဲတွေဟာ မုန်တိုင်းတွေလိုပါပဲ။ ဘဝတွေထဲကို ဝင်လာကြတယ်။ ပြီး တော့ ပြန်ထွက်သွားကြတယ်။ သေချာတာကတော့ အဲ့ဒီမုန်တိုင်းတွေက လူတွေကို ကြောက်ရွံ့စေတယ်။ ပျက် စီးပြိုလဲစေတယ်။ အနာတရတွေ ဖြစ်စေပါတယ်။

အဲ့ဒီလို အခြေအနေမှာ ဘယ်လိုအသက်ဆက်ရှင်မလဲဆိုတာက အရေးကြီးလှပါတယ်။

“ အခက်အခဲတွေ ဘယ်အချိန်မှ ပြီးဆုံးမှာလဲ ” ဆိုတာထက် “ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ် မလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။

ဒီနေ့ခေတ်လူငယ်အများစုဟာ ပတ်ဝန်းကျင်ရဲ့ပြစ်တင်ဝေဖန်မှုတွေကို မခံချင်တာကြောင့် ကျရှုံးမှာကို ကြောက်ရွံ့ကြတယ်။ တကယ်တော့ အမှားဆိုတာ လူတစ်ယောက်ကို ပိုရင့်ကျက်လာအောင်၊ ပိုကြံ့ခိုင်လာ အောင် ပြုလုပ်ပေးတဲ့အရာပါ။ ဘဝရဲ့ ရှောင်လွှဲမရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ မကျရှုံးဖူးတဲ့လူဟာ ဘဝမှာ အသစ်အသစ်သော အောင်မြင်မှုတွေကိုလည်း ထပ်ကြိုးစားမိတော့မှာ မဟုတ် ပါဘူး။ ဘဝရဲ့အချိုးအကွေ့တွေကို ဘယ်လိုလျှောက်လှမ်းမလဲ၊ ဘယ်လိုပြန်ထမလဲဆိုတာ သင်ယူဖို့ ဘဝမှာ ရုန်းကန်မှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ့်ဘဝကို ဘယ်လိုရွက်လွှင့်မလဲဆိုတာ ကိုယ့်သင်ယူမှုအပေါ်မှာပဲ မူတည်ပါတယ်။ အခက်အခဲတွေကိုလည်း အမြဲတမ်းအနိုင်ရနေမှာ မဟုတ်ပါဘူး။ အရှုံးပေးရချိန်တွေလည်း ဘဝမှာ ရှိကောင်းရှိမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အဲ့ဒီလို အရှုံးပေးရချိန်တွေဟာ ဘဝရဲ့ အဆုံးသတ်လို့ ထင်ချင်လည်း ထင်ပါလိမ့်မယ်။ ဒါပေမဲ့… မဟုတ်ပါဘူး။ အဲ့ဒီအရာဟာ ဘဝကို ရှေ့ဆက်လျှောက်လှမ်းဖို့ အခွင့်အရေးသစ်တွေဆီ ခေါ်ဆောင်သွားမယ့် လှေကားထစ်တွေသာ ဖြစ်ပါတယ်။ ခက်ခဲတဲ့လမ်းတွေကပဲ လှပတဲ့ပန်းတိုင်တွေဆီကို ခေါ်ဆောင်သွားနိုင် ကြတာပါ။

ဒါကြောင့် သင်လည်း ဒီနေ့ရုန်းကန်နေရတယ်ဆိုရင် မညည်းညူပါနဲ့။ လှပတဲ့ သင့်ဘဝခရီးအတွက် ပြင်ဆင်နေတာမို့ စိတ်ဓာတ်ခွန်အားအပြည့်နဲ့သာ အကောင်းဆုံးရုန်းကန်ကျော်ဖြတ်လိုက်ပါနော်။

စိတ်ဓာတ်ခွန်အားတွေ မျှဝေဖို့ ဒီစာစောင်လေးကို မျှဝေလိုက်ပါဦး။