မျှော်လင့်ချက်တွေများလွန်းတဲ့အခါ ကိုယ့်ကိုပဲ ထိခိုက်နာကျင်လာစေတာပါ။

blank

လူတွေကို ပြောင်းလဲပစ်ဖို့ဆိုတာ မလွယ်ကူတာကြောင့် သူတို့အပေါ်မှာ ထားထားတဲ့ ကိုယ့်မျှော်လင့်ချက်တွေကိုပဲ ပြောင်းလဲပစ်လိုက်ပါ။

သူ့အတွက် အချိန်ဘယ်လောက်ပေးမယ်၊ ဘယ်လောက်ထိ ဖေးမကူညီမယ်စတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာ စည်းမျဉ်းလေးတွေ ချမှတ်ထားပါ။

လက်ခံခြင်းနဲ့ စွန့်လွှတ်ခြင်းကို အလေ့အကျင့်ပြုလုပ်ထားပါ။ ဘာလို့လဲဆိုတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ပုံသွင်းလို့ မရနိုင်လို့ပါ။ သူတို့ ပြောင်းလဲဖို့ အဆင်သင့်မဖြစ်သေးဘဲ အတင်းပြောင်းလဲခိုင်းလို့ မရသလို သူတို့ရဲ့ ပုံစံအမှန်ကနေ တခြားကွဲပြားတဲ့သူတစ်ယောက်ဖြစ်အောင်လည်း အတင်းပြောင်းလဲခိုင်းလို့ မရပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါဟာ ခါးသီးပြီး ရင်ဆိုင်ရခက်ခဲပေမယ့် အမှန်တရားတစ်ခုပါ။ ကိုယ့်ကို ဘယ်အရာတွေက နာကျင်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ ပြောပြနေပါစေ။ ကိုယ် သဘောကျတဲ့ပုံစံကို ဘယ်နှစ်ကြိမ်ပဲ ရှင်းပြနေပါစေ။ သူဟာ သင်လိုချင်တဲ့ပုံစံအတိုင်း ဘွားခနဲ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရသလို ဘယ်အရာကိုမှလည်း ပြင်ဆင်လို့မရတဲ့ ဒီလိုအချိန်လေးတွေ ရှိတတ်ပါတယ်။

စာချစ်သူတို့ကော ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို လျှော့ချနိုင်ပြီလား။