ငါးနှစ်ကျော်ကြာတဲ့ အချစ်ထက် လပိုင်းမှပေါ်တဲ့ ရင်ခုန်ခြင်းက ပိုသတဲ့လား။

blank

အခုဆို ကျွန်မ အသက် ၃ဝ ထဲမှာပါ။ ဘွဲ့ရပြီးတော့ ကုမ္ပဏီတစ်ခုမှာအလုပ်စဝင်ပါတယ်။ သိပ်ပြီး မကြာခင်မှာ အလုပ်ထဲက ကောင်လေးတစ်ယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။

သူအလုပ်စဝင်ကတည်းက သူ့ကိုသတိထားမိခဲ့တာပါ။ ချစ်သူတွေမဖြစ်ခင်ကပေါ့။ ကျွန်မတို့အလုပ်က ကားဂိတ်ကနေမိနစ်၂ဝ လောက်လမ်းလျှောက်ရပါတယ်။ တခြားကောင်လေးတွေက စက်ဘီးနဲ့ခေါ်ရင် ကျွန်မ မလိုက်ခဲ့ပါဘူး။ သူရောက်လာလို့ စက်ဘီးနဲ့ခေါ်ရင် ကျွန်မ လိုက်သွားခဲ့ပါတယ်။ သူနဲ့အရမ်းလည်းမခင်ပါဘူး။ စိတ်ကသူ့ကိုအလိုလိုယုံကြည်နေတဲ့စိတ် ခင်မင်မိတဲ့စိတ်ဖြစ်နေတာကြောင့်ဖြစ်မှာပါ။

ခင်သွားတဲ့အချိန်တွေမှာ သူအလုပ်စဝင်ကတည်းက ကျွန်မကိုသတိထားမိတာတဲ့ ခင်မင်တဲ့စိတ်လည်းဖြစ်မိတယ်လို့ သူကပြောပြခဲ့တယ်။ အဲ့ဒီလိုပြောတဲ့အချိန်မှာ ကျွန်မအရမ်းအံ့သြသွားခဲ့တယ်။ ကျွန်မစိတ်နဲ့တူနေပါလားပေါ့။ နောက်တော့သူက အလုပ်အသွားအပြန် ကျွန်မကို စောင့်တယ်။ နောက်ပိုင်းချစ်သူတွေဖြစ်သွားခဲ့ကြတယ်။

နှစ်ဖက်မိဘကိုအသိပေးပြီး လူသိရှင်ကြားတွဲခဲ့ကြတာပါ။ သူကောကျွန်မပါ ပထမဆုံးအကြိမ်ချစ်သူထားဖူးကြတဲ့သူတွေပါ။ တွဲနေတဲ့ကာလတွေမှာ စိတ်ချင်းလည်းတော်တော်ဆက်ခဲ့ပါတယ်။ ကျွန်မသတိရနေတုန်း သူ့ဆီကဖုန်းဝင်လာတာမျိုး သူသတိရနေတဲ့အချိန်မှာ ကျွန်မဆီကဖုန်းဝင်သွားတာမျိုးပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူလည်းကျွန်မကိုတော်တော်ချစ်ခဲ့ပါတယ်။ Ro  မဆန်တတ်ဘူး။  တည်ကြည်တယ်။ မိန်းမအရှုပ်အရှင်းကင်းတယ်။ သူ့မိခင်အပေါ်လည်း အရမ်းသိတတ်သလို ချစ်သူအပေါ်လည်းအရမ်းသိတတ်တယ်။ မိသားစုနဲ့ချစ်သူအပေါ်မျှတအောင်နေထိုင်တတ်တယ်။ ကတိတည်တယ်။ အဲ့ဒီလိုအချက်တွေကြောင့် ကျွန်မထက်အသက်ငယ်ပေမယ့်လည်း သူ့ကိုယုံကြည်လေးစားခဲ့တယ်။ ကျွန်မတို့တွဲလာခဲ့တာ ငါးနှစ်ကျော်ပါပြီ။ ပတ်ဝန်းကျင်ကလည်း ကျွန်မတို့အတွဲကိုသဘောကျကြတယ်။

၂ဝ၁၉ ခုနှစ်မှာ အပြောင်းအလဲတွေဖြစ်လာတော့တာပဲ။ သူ့အိမ်နားက သူအလုပ်သွင်းပေးတဲ့ ကောင်မလေးတစ်ယောက် ကျွန်မတို့ဘဝထဲကိုဝင်လာခဲ့တယ်။  သူ့မှာလည်းလူသိရှင်ကြား တွဲနေတဲ့ချစ်သူရှိပါတယ်။ အခုချိန်မှာ အဲ့ဒီအလုပ်မှာ ကျွန်မထွက်ထားပါတယ်။ သူနဲ့အဲ့ဒီကောင်မလေးနဲ့က လမ်းကြောင်းချင်းတူနေတော့ အသွားအတူပြန်အတူပေါ့။ ဒါပေမဲ့အားလုံးက ယုံကြည်ခဲ့ကြတယ်။ ကျွန်မချစ်သူရဲ့အမေကတော့ မကြိုက်ဘူး။ မခေါ်ဖို့လည်းပြောပါတယ် (၈)လပိုင်းက ကျွန်မတို့လက်ထပ်ဖို့ပြောကြပါတယ်။  နှစ်ဖက်မိဘကိုလည်းအသိပေးပြီးသွားပါပြီ။ ၂ဝ၂ဝ ခုနှစ် ၁လပိုင်း ၄ရက်နေ့မှာ ယူကြမယ်ပေါ့။ သူပဲရက်တွေလတွေရွေးခဲ့တာပါ။

(၉) လပိုင်းကျတော့ သူက အဲ့ဒီကောင်မလေးကို ကြိုက်နေတယ်လို့ အသံတွေထွက်လာခဲ့ပါတယ်။ ကောင်မလေးကလည်း ကျွန်မကိုပညာသားပါပါနဲ့စကားတွေ လာနှိုက်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ကျွန်မကိုလှည့်စားနေတာမသိခဲ့ပါဘူး။ ကျွန်မချစ်သူဆီကနေ မထင်မှတ်ထားတဲ့စကားတွေ ရက်စက်ကြမ်းကြုတ်တဲ့ စကားတွေထွက်လာခဲ့တယ်။ သူ့အမေပြောစကားတောင် နားမထောင်တော့တဲ့အဆင့် ရောက်သွားပါတယ်။ အိမ်ပေါ်ကနေဆင်းမယ်ဆိုပြီးလည်း ဖြစ်ပျက်နေခဲ့ပါတယ်။ သူ့အမေလည်းမျက်ရည်ကျတွေကျလို့ပေါ့။

မနက်ဖြန် ၄ရက်နေ့ပါ။

ကျွန်မ အရမ်းခံစားရပါတယ်

၆ရက်နေ့မှာ သူ့မွေးနေ့ပါ။

ကိုယ့်အပိုင်လို့တွက်ထားခဲ့ပေးမယ့် ဘယ်အရာမှ မမြဲဘူး မပိုင်ဘူး လူ့စိတ်ဆိုတာပြောင်းလဲတတ်ပါလားဆိုတာ သိမြင်လာခဲ့တယ်။

သူ့ရဲ့ပုံစံ လပိုင်းအတွင်းလုံးဝပြောင်းလဲသွားတာကို အံ့သြမိတယ်။

ကံကြမ္မာကြီးက ဘယ်လိုမျိုးလဲ။