နှစ်သစ်ကစပြီး သင့်ကိုယ်သင် ပိုချစ်တတ်လာစေဖို့…

blank

“ကိုယ့်ကိုယ်ကိုယ်ချစ်လား” လို့မေးရင် လူတိုင်းကတော့ “ချစ်တာပေါ့” လို့ပဲ ဖြေကြမှာပါ။ အားလုံးရဲ့ စိတ်ထဲမှာလည်း အဲ့ဒီအဖြေက မှန်ကန်တယ်လို့ ယုံကြည်စွာနဲ့ဖြေကြမှာ သေချာပါတယ်။ ဒါပေမဲ့ ချစ်တယ်ဆို တာ ပါးစပ်ကပြောနေရုံနဲ့ ပြည့်စုံလုံလောက်တဲ့အရာမဟုတ်ပါဘူး။ ချစ်တယ်ဆိုတာ အပြုသဘောဆောင်ပါ တယ်။ ကောင်းစေချင်တဲ့အရာဘက်ကို ဦးတည်ပါတယ်။ နှုတ်နဲ့တင်မဟုတ်ဘဲ လုပ်ရပ်နဲ့ပါ သက်သေပြမှ ချစ် တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တကယ်ပြည့်စုံမှာဖြစ်ပါတယ်။

သင်ကော သင့်ကိုယ်သင်ချစ်တယ်လို့ ယုံကြည်ထားပြီဆိုရင်…

– သင့်ပျော်ရွှင်မှုတွေကို သူတစ်ပါးအတည်အမှီမပါဘဲ ကိုယ်တိုင်ဖန်တီးနိုင်ပြီလား။

– သင့်ကိုမွန်းကြပ်စေတဲ့ မလိုအပ်တဲ့အားနာမှုတွေကို လျှော့ချနိုင်ပြီလား။

– သင့်အနာဂတ်အတွက် သင့်တစ်လတာဝင်ငွေထဲက ဖဲ့စုနေပြီလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– သင့်ကျန်းမာရေးအတွက် ဂရုစိုက်နေပြီလား။

– သင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုအတွက် ဖြည့်ဆည်းနေပြီလား။

– အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို သင့်ဘဝထဲက ထွက်ခွာခွင့်ပေးနိုင်ပြီလား။

– သင်ဝါသနာပါတဲ့အလုပ်ကို ကြိုးစားကြည့်နေပြီလား။

– သင့်တစ်နေ့ချင်းစီကို စိတ်ကောကိုယ်ပါ ပျော်ရွှင်မှုတွေနဲ့ အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ပြီလား။

မေးခွန်းလေးတွေ မေးကြည့်ပါ။ ဖြေကြည့်ပါ။ သင်ရရှိတဲ့အဖြေက သင့်အတွက် နှစ်သစ်ကို ပိုမိုပျော်ရွှင် စွာ ဖြတ်သန်းနိုင်စေဖို့ အများကြီးကူညီပေးမှာပါ။

သင်ကော သင့်ကိုယ်သင်ချစ်ခြင်းနဲ့ ပိုမိုပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ကို ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်နေပြီ လား။